ကျိဟန်က ရုတ်တရက်ပြောလာသည်။ "မင်းက ငါနဲ့အတူ ဂိုဏ်းဆီ လိုက်ခဲ့ချင်တယ်ပေါ့..မင်းသာငါပြောတဲ့အတိုင်းလုပ်ရင်..ဒါက လွယ်ပါတယ်.."
အရမ်းကောင်းတယ်! ဒါဆို အစီအစဥ်က တစ်ဝက်အောင်မြင်သွားပြီ!
ကျောက်ကျန်းကွေ့ : "ဘာလုပ်ရမှာလဲ.?"
ကျိဟန် : "မင်းငါ့ကို နိုင်အောင်တိုက်နိုင်ရင် မင်းကို ဂိုဏ်းဆီ ခေါ်သွားပေးမယ်"
ကျောက်ကျန်းကွေ့ :"......."
ဒီလူက အကြာကြီးကွေ့ဝိုက်ပြောနေပြီး နောက်ဆုံးတော့ ဒီဘူတာပဲပြန်ဆိုက်တာပဲ..!! ကြည့်ရတာ ဒီတိုက်ပွဲက ရှောင်လွှဲဖို့မဖြစ်နိုင်ဘူးထင်တယ်..
"အချိန်နဲ့နေရာကို မင်းရွေးလိုက်.." ကျိဟန်က ပြောသည်။ "မင်းသေချာပေါက်လာတိုက်ဖို့ပဲလိုတယ်..ငါအချိန်အားအောင်ကြိုစီစဥ်ထားမယ်.."
ကျောက်ကျန်းကွေ့က ဘာမှပြန်မပြောပေ။
ကျိဟန်က အေးစက်စွာရယ်လိုက်ပြီး_"သိုင်းလောကရဲ့ နံပါတ်တစ်ကြီးက တိုက်ဖို့ကို ကြောက်နေတာလား..?"
ဒီစာသားတွေက ဇာတ်ညွှန်းထဲမပါဘူးကွ! ငါဘယ်လိုပြန်ပြောရမလဲမသိဘူး!
သူပြောနေတာတွေက အရူးစကားတွေလိုပဲ ခန့်မှန်းလို့မရဘူး ဒီတော့ ငါ့ဘာသာပဲ မီးစင်ကြည့်ကမှရမယ်!
ကျိဟန် : "မင်းမှာ ဒီလောက်လေးတောင် သတ္တိမရှိဘူးလား?"
ကျောက်ကျန်းကွေ့ : "ကောင်းပြီ..ငါမင်းနဲ့ ယှဥ်ပြိုင်မယ်"
ကျိဟန်မှာ ထိုင်ခုံက ခုန်ထမိမတတ်ပင် ဖြစ်သွားသည်။ သူ့လက်တစ်ဖက်မှာ ခါးတွင်ချိတ်ထားသော ဓားအိမ်ပေါ်သို့ အသင့်တင်ထားပြီး နှစ်တစ်ထောင်ရေခဲအိုင်ကဲ့သို့ အေးစက်နေသော မျက်ဝန်းအိမ်များတွင်မူ စိတ်လှုပ်ရှားသောအရိပ်အယောင်များ ထင်ဟပ်နေ၏။ ထို့နောက် သူက ခပ်မာမာပြောလာသည်။
"မင်း ဓားကို ထုတ်လိုက်"
ကျောက်ကျန်းကွေ့ကမူ အလှုပ်အရှားမရှိ ထိုင်နေဆဲပင်။ သူက တည်ငြိမ်စွာဖြင့် ရေနွေးကြမ်းပင် ငဲ့နေသေး၏။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...