-15-

904 182 0
                                    

နောက်ဆုံးတွင် သူတို့နှစ်ယောက် မိစ္ဆာဂိုဏ်းသို့ရောက်ရှိလာကြသည်။

ကျောက်ကျန်းကွေ့မှာ သူ့ဘဝ၌ မိစ္ဆာဂိုဏ်းထဲသို့ ယခုလို ပေါ်ပေါ်ထင်ထင် ဝင်ရောက်ရမည်ဟု တစ်ခါမှစိတ်မကူးဖူးပေ။ ထို့ကြောင့် သူ့ပုံစံမှာ အူကြောင်ကြောင်ဖြစ်နေ၏။

ကျိဟန်ကမူ သူ့အမူအရာကို နည်းနည်းမှ ဂရုမစိုက်ပေ..။ မြူဆွယ်နေသည့်လုပ်ငန်းစဥ်မှာ တိုးတက်မှုအလျဥ်းမရှိ။ သူကျက်မှတ်လာသမျှ ပရောပရည်၊ ပလီပလာဆန်သည့် စကားများကလည်း လမ်းတစ်လျှောက် သုံးလာရင်းဖြင့် ကုန်ဆုံးခါနီးလာပြီဖြစ်သည်။ ထိုကြောင့် ဂိုဏ်းထဲ၌ ပုန်းကွယ်နေသည့် သူလျှိုကို တိတ်တဆိတ်ဆက်သွယ်ရန်မှလွဲပြီး ကျောက်ကျန်းကွေ့တွင် အခြားရွေးချယ်စရာမရှိပေ။

ဒါ‌ပေမဲ့ ခက်တာက သူလျှိုက ဘယ်သူမှန်း ငါမသိဘူးလေ??

ဟော့ရန်ဂိုဏ်းအကြီးအကဲများက သူလျှိုသည် မိစ္ဆာဂိုဏ်း၏ အနီးကပ်လူယုံတစ်ဦးဖြစ်၍  ကျောက်ကျန်းကွေ့ရောက်လာသည်နှင့် ချက်ချင်းလာဆက်သွယ်လိမ့်မည်ဟု ပြောထားသည်။

ထို့ကြောင့် သူလျှိုဆက်သွယ်လာမည်ကို သူ့အခန်းထဲ၌ ထိုင်စောင့်နေရုံသာတတ်နိုင်၏။

သူက အခန်းထဲတွင်နားနေရင်းဖြင့် သူတို့ထည့်ထားသော သူလျှို၏ရာထူးအား စဥ်းစားနေသည်။ ထိုလူမှာ မိစ္ဆာဂိုဏ်း၏ အရေးပါသောသတင်းများစွာကို ပို့ပေးခဲ့သည်။ ထို့အပြင် ကျိဟန်၏အခန်းထဲသို့ပင် တိတ်တဆိတ်ဝင်ထွက်သွားလာနိုင်၏။ သို့ဖြစ်ရာ ထိုလူ၏ရာထူးမှာ အလွန်မြင့်မားလိမ့်မည်ဟု သူတွေးမိသည်။

ထိုစဥ် ကျိဟန်၏ ကိုယ်ပိုင်အစေခံလေးက စားစရာပို့ရန် သူ့အခန်းတံခါးကို ခေါက်လာသည်။

ကျောက်ကျန်းကွေ့  :  "စားပွဲပေါ်သာ တင်ထားခဲ့ပါ.."

ကျိဟန်က သူနှင့် စကားတစ်ခွန်းမှ မပြောချင်သော်လည်း ထမင်းအငတ်တော့မထားသေးပေ။ ထိုအစေခံလေးမှာ စားပွဲပေါ်သို့ ဟင်းပွဲများ အစီအရီချပြီးနောက် ထွက်မသွားပဲ သူ့ကိုကြည့်လာ၏။

ကျောက်ကျန်းကွေ့ :  "မင်းမှာ ဘာကိစ္စရှိသေးလို့လဲ??"

အစေခံလေး၏ မျက်နှာထားမှာ လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းမရသည့်ပုံစံသို့ပြောင်းသွားကာ ပြောလာသည်။ "ကျောက်သူရဲကောင်းလေး.!!! ကျွန်တော်လေ..ဟော့ရန်ဂိုဏ်းရဲ့သူလျှို!!"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now