-22-

814 151 1
                                    

ကျောက်ကျန်းကွေ့ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

ကျိဟန်က သူ့ကို ထွက်သွားခိုင်းပြီဆိုမှတော့ ကြည့်ရတာ မြူဆွယ်မည့်အစီအစဥ်ကို လက်လျှော့ရမည့်ပုံပင်။ ‌ဒါဆို ဟော့ရန်ဂိုဏ်းကရော??? သူဘာလုပ်သင့်လဲ? ဘာလုပ်သင့်လဲ??

ထိုစဥ် ရှောင်လင်းက ခိုးထွက်လာပြီး သူ့ကိုနှစ်သိမ့်ပေး၏။

"ကျောက်သူရဲကောင်း...စိတ်မပူပါနဲ့..." ရှောင်လင်းကပြောသည်။ "ဂိုဏ်းချုပ်က စိတ်တိုတုန်းပြောလိုက်တဲ့စကားပါ..."

ကျောက်ကျန်းကွေ့က စိတ်ပျက်လက်ပျက်ဖြင့်_"သူက ငါ့ကို သေချာပေါက် ထွက်သွားခိုင်းတာလေ...စိတ်တိုလို့ လက်လွတ်စပယ် ပြောလိုက်တာမှမဟုတ်တာ.."

ရှောင်လင်းမှာ သူ့ထံမှ စိတ်အားထက်သန်မှုများကို လွှဲပြောင်းလို့သာရပါက ကျောက်ကျန်းကွေ့လက်ကို ဆုပ်ကိုင်ကာ မြူဆွယ်ရေးတွင် တက်ကြွစေရန် လွှဲပြောင်းပေးလိုက်ပြီးပြီဖြစ်သည်။

ကျောက်ကျန်းကွေ့က ဘာမှဆက်မပြောပဲ သက်ပြင်းအခါခါချနေတော့၏။

ရှောင်လင်း  : "ကျောက်သူရဲကောင်း.. ဂိုဏ်းချုပ်က အစ်ကို့ကိုထွက်သွားစေချင်ရင်..မီးဖိုချောင်ကို ရှင်းခိုင်းနေပါ့မလား??"

ကျောက်ကျန်းကွေ့မှာ ဆိုလိုရင်းကို နားမလည်..။

ရှောင်လင်း  :  "သူ အစ်ကို့ကို ဂိုဏ်းကနေ တန်းပြီး နှင်ထုတ်လိုက်လို့ရတာပဲလေ.."

ကျောက်ကျန်းကွေ့  :  "ဒါဆို.."

ရှောင်လင်း  : "တွေ့လား..‌ကျောက်သူရဲကောင်း...ဂိုဏ်းချုပ်က အစ်ကို့ကို သဘောကျပါတယ်."

ကျောက်ကျန်းကွေ့  :  "..အာ..."

ရှောင်လင်းမှာ ပြောရင်းဆိုရင်း ပိုမိုစိတ်လှုပ်ရှားလာတော့သည်။ "ကျောက်သူရဲကောင်းသာ ကြက်ဥခေါက်ဆွဲ ကောင်းကောင်းလေး တစ်ပွဲချက်ကျွေးလိုက်လို့ကတော့...ဂိုဏ်းချုပ်က ကျောက်သူရဲကောင်းနောက် တစ်ကောက်ကောက်ကို ပါလာတော့မှာ..မယုံရင်စမ်းကြည့်!!"

ကျောက်ကျန်းကွေ့  :  "........."

____________________________________________________

2.8.2022(Tue)🤍

~~~~~ZAWGYI VERSION~~~~~

ေက်ာက္က်န္းေကြ႕ အနည္းငယ္ စိတ္ဓာတ္က်သြားသည္။

က်ိဟန္က သူ႔ကို ထြက္သြားခိုင္းၿပီဆိုမွေတာ့ ၾကည့္ရတာ ျမဴဆြယ္မည့္အစီအစဥ္ကို လက္ေလွ်ာ့ရမည့္ပုံပင္။ ‌ဒါဆို ေဟာ့ရန္ဂိုဏ္းကေရာ??? သူဘာလုပ္သင့္လဲ? ဘာလုပ္သင့္လဲ??

ထိုစဥ္ ေရွာင္လင္းက ခိုးထြက္လာၿပီး သူ႔ကိုႏွစ္သိမ့္ေပး၏။

"ေက်ာက္သူရဲေကာင္း...စိတ္မပူပါနဲ႔..." ေရွာင္လင္းကေျပာသည္။ "ဂိုဏ္းခ်ဳပ္က စိတ္တိုတုန္းေျပာလိုက္တဲ့စကားပါ..."

ေက်ာက္က်န္းေကြ႕က စိတ္ပ်က္လက္ပ်က္ျဖင့္_"သူက ငါ့ကို ေသခ်ာေပါက္ ထြက္သြားခိုင္းတာေလ...စိတ္တိုလို႔ လက္လြတ္စပယ္ ေျပာလိုက္တာမွမဟုတ္တာ.."

ေရွာင္လင္းမွာ သူ႔ထံမွ စိတ္အားထက္သန္မႈမ်ားကို လႊဲေျပာင္းလို႔သာရပါက ေက်ာက္က်န္းေကြ႕လက္ကို ဆုပ္ကိုင္ကာ ျမဴဆြယ္ေရးတြင္ တက္ႂကြေစရန္ လႊဲေျပာင္းေပးလိုက္ၿပီးၿပီျဖစ္သည္။

ေက်ာက္က်န္းေကြ႕က ဘာမွဆက္မေျပာပဲ သက္ျပင္းအခါခါခ်ေနေတာ့၏။

ေရွာင္လင္း : "ေက်ာက္သူရဲေကာင္း.. ဂိုဏ္းခ်ဳပ္က အစ္ကို႔ကိုထြက္သြားေစခ်င္ရင္..မီးဖိုေခ်ာင္ကို ရွင္းခိုင္းေနပါ့မလား??"

ေက်ာက္က်န္းေကြ႕မွာ ဆိုလိုရင္းကို နားမလည္..။

ေရွာင္လင္း : "သူ အစ္ကို႔ကို ဂိုဏ္းကေန တန္းၿပီး ႏွင္ထုတ္လိုက္လို႔ရတာပဲေလ.."

ေက်ာက္က်န္းေကြ႕ : "ဒါဆို.."

ေရွာင္လင္း : "ေတြ႕လား..‌ေက်ာက္သူရဲေကာင္း...ဂိုဏ္းခ်ဳပ္က အစ္ကို႔ကို သေဘာက်ပါတယ္."

ေက်ာက္က်န္းေကြ႕ : "..အာ..."

ေရွာင္လင္းမွာ ေျပာရင္းဆိုရင္း ပိုမိုစိတ္လႈပ္ရွားလာေတာ့သည္။ "ေက်ာက္သူရဲေကာင္းသာ ၾကက္ဥေခါက္ဆြဲ ေကာင္းေကာင္းေလး တစ္ပြဲခ်က္ေကြၽးလိုက္လို႔ကေတာ့...ဂိုဏ္းခ်ဳပ္က ေက်ာက္သူရဲေကာင္းေနာက္ တစ္ေကာက္ေကာက္ကို ပါလာေတာ့မွာ..မယုံရင္စမ္းၾကည့္!!"

ေက်ာက္က်န္းေကြ႕ : "........."

____________________________________________________

2.8.2022(Tue)🤍

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now