-14-

934 193 5
                                    

လမ်းတစ်လျှောက်တွင် ကျောက်ကျန်းကွေ့က ကျိဟန်နှင့်အတူ မိစ္ဆာဂိုဏ်းငယ်များထံ လိုက်လံလည်ပတ်ခဲ့သည်။ ကျောက်ကျန်းကွေ့ ထင်ထားသလိုပင် ထိုဂိုဏ်းများမှာ အင်အားနည်းကာ အရေးမပါသည့်ဂိုဏ်းများသာဖြစ်၏။

ကျိဟန်က သူ့ကို မဖုံးမဝှက်ပဲခေါ်သွားသည်မှာ အရင်ကတည်းက ထိုဂိုဏ်းငယ်များအကြောင်းကို ဟော့ရန်ဂိုဏ်းမှ သိရှိပြီးသားမို့ပင်။ လူအင်အားမလုံလောက်သောကြောင့်သာ အပြတ်ဖြိုခွဲမပစ်နိုင်ပဲ မသိချင်ယောင်ဆောင်ထားရခြင်းသာ..။

သွားနေရင်းဖြင့် ကျိဟန်မှာ သူ့မြင်းရထားခေါင်မိုးပေါ်တွင် လူတစ်ယောက်ထိုင်နေခြင်းကို မနှစ်မြို့သလို ခံစားလာရ၏။ ကျောက်ကျန်းကွေ့နှင့်အတူ ရထားထဲတွင် ထိုင်ရန်ကိုလည်း သူက ပိုပြီးမနှစ်သက်‌ပေ။ နောက်ဆုံးတွင် သူက ကျောက်ကျန်းကွေ့အား မြင်းတစ်ကောင်ပေး၍ ရထားခေါင်မိုးပေါ်မှ ပထုတ်လိုက်တော့သည်။

လမ်းတစ်လျှောက်တွင် ကျိဟန်သည် ကျောက်ကျန်းကွေ့အား တတ်နိုင်သမျှ စကားမပြောမိအောင် ဆုံးဖြတ်ထားသည့်ပုံပင်။ မဖြစ်မနေလိုအပ်သည့် အချိန်များတွင်သာ စကားသုံးလုံးထက်မပိုစေပဲ အေးစက်စက်ဖြင့် ပြောလေသည်။

ကျောက်ကျန်းကွေ့သည်လည်း စိတ်ထဲတွင် နားလည်ပြီးသားပင်။
သူ့ရဲ့ မြူဆွယ်သည့်အစီအစဥ်မှာ တိုးတက်မှုအလျဥ်းမရှိဟူ၍...။

ကျောက်ကျန်းကွေ့က ဂိုဏ်းချုပ်၏ အလေးထားရဆုံးတပည့်အား သတ်ပစ်လိုက်သည့်သတင်းမှာ သိုင်းလောကတစ်ခုလုံး ပျံ့နှံ့နေပြီဖြစ်သည်။ ထို့ကြောင့် သူတို့သွားလေရာလမ်းတစ်လျှောက်တွင် သိုင်းသမားသူရဲကောင်းများသည် မကျေမနပ်မျက်လုံးများဖြင့် စိုက်ကြည့်ကြ၏။ သို့သော် မည်သူမျှ စတင်မတိုက်ခိုက်ရဲပေ။

အကြောင်းအရင်းမှာ ကျောက်ကျန်းကွေ့က မိစ္ဆာဂိုဏ်းချုပ်နှင့် ပူးပေါင်းကာ သူ့နောက်သို့ လိုက်သွားကြောင်း ကောလဟလများကလည်း နေရာအနှံ့ ရောက်ရှိနေသောကြောင့်ပင်။ သူဘာကြောင့် ထိုမကောင်းဆိုးဝါးလို ဂိုဏ်းချုပ်နောက်သို့ လိုက်နေရခြင်းကိုမူ မည်သူမျှ မပြောရဲကြ။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now