ကျောက်ကျန်းကွေ့မှာ ရွေးစရာမရှိပဲ ခြံဝန်းထဲသို့ ပြန်ဝင်သွားရသည်။
ကျိဟန်က အခန်းထဲသို့ ရောက်နေပြီဖြစ်ပြီး စားပွဲဘေးတွင်ထိုင်နေ၏။ လက်ထဲရှိ ထန်ဟူလူများကိုကြည့်ကာ အတွေးထဲ နစ်မြောနေပုံရသည်။
ကျောက်ကျန်းကွေ့က ချောင်းဟန့်လိုက်ပြီး သူ့ကိုမေးလိုက်သည်။ "မင်း အဲ့ဒါကို မစားဘူးလား?"
မထင်မှတ်ထားစွာ ကျိဟန်က ထိတ်လန့်ပြီး ထခုန်လေသည်။
"မင်း ဘယ်အချိန်က ဝင်လာတာလဲ??" ကျိဟန်က အလန့်တကြားဖြင့်_ "ငါ ဘာလို့ ဘာသံမှမကြားလိုက်တာလဲ??"
ကျောက်ကျန်းကွေ့က မျက်မှောင်ကျုံ့လိုက်ကာ_ "ငါဝင်လာတဲ့ ခြေသံကိုတောင် မကြားလောက်တဲ့ထိ မင်းဘာတွေတွေးနေတာလဲ?"
ဓါးသိုင်းပညာကို ကျွမ်းကျင်သူတစ်ယောက်အတွက် ဒါက ပုံမှန်မဟုတ်ပေ။
ကျိဟန် : "...ငါ.."
သူက မရှင်းပြချင်သည့်ဟန်ဖြင့် ခေါင်းငုံ့လိုက်ပြီး ဘာမှမပြောတော့။
ကျောက်ကျန်းကွေ့က သူဒေါသပြန်ထွက်လာမှာကို ကြောက်သဖြင့် ကျိဟန်နှင့် ခပ်ဝေးဝေး တံခါးဝမှနေ၍ လှမ်းပြောသည်။
"ဟွားလက်ရုံးက င့ါကိုပြောခိုင်းလိုက်တယ်.. လင်းယုန်ခန်းမရဲ့ ခန်းမသခင်ဝေ့က တောင်အောက်မှာ ရောက်နေပြီတဲ့.. သူက မင်းဆင့်ခေါ်မှာကို စောင့်နေတယ် လို့ပြောတယ် "
ကျိဟန် : "ဘာလို့ သူ့ဘာသာဝင်လာပြီး မပြောတာလဲ??"
ကျောက်ကျန်းကွေ့ : "သူက မင်းရဲ့ ဒေါသကိုကြောက်လို့တဲ့ "
ကျိဟန် : ".........."
ကျောက်ကျန်းကွေ့က သတိထားပြီးမေးသည်။ "မင်း.. မင်းတကယ် ဒေါသထွက်နေတာလား?"
ကျိဟန်က အနည်းငယ်နှုတ်ဆိတ်သွားပြီးနောက် ဒေါသတကြီးပြောလာသည်။ "မင်းက ငါ့ကို မျက်နှာပျက်ရအောင် လုပ်နေတာလေ!!"
ကျောက်ကျန်းကွေ့ : "ဟမ်..?"
ကျိဟန် : "အဲ့လူတွေရဲ့ ပါးစပ်က မဟုတ်တာတွေ ဖြည့်စွက်ပြောပြီး.. သိုင်းလောကတစ်ခုလုံး သတင်းပြန့်ကုန်တော့မှာ.."
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...