-2-

1.9K 306 7
                                    

​ဟော့ရန်ဂိုဏ်းအကြီးအကဲအားလုံးက မင်း​ရှေ့မှာ ဒူး​ထောက်​တောင်းဆိုလာတဲ့အချိန်..မင်းမှာ ရွေးချယ်စရာက ဘယ်လိုခက်ခဲတဲ့တာဝန်ဖြစ်ပါ​စေ လက်ခံလိုက်ဖို့ပဲ..။

ပိုပြီးဆိုးတာက ​ကျောက်ကျန်း​ကွေ့၏ ​ကျော​ပေါ်​တွင် သူရဲ​ကောင်းဟု​သောဂုဏ်ပုဒ်ကလည်း ရှိ​​နေသေး၏။

​ဟော့ရန်ဂိုဏ်းက ​ကျောက်ကျန်း​ကွေ့အား ​လောကကြီးကိုကယ်တင်​ပေးသူအဖြစ် မှတ်​ကျောက်တင်လိုက်ကြသည်။ ထို့အပြင် အကြီးအကဲများက မြို့ထဲရှိ ပိုင်ဟွားလုံ​​​ဖျော်​ဖြေ​ရေးအိမ်မှ နာမည်​​ကျော် ယွဲ့ချင်းချင်းကိုပင် ​ငွေ​ကြေးဖြင့် ငှား​လိုက်သည်။ သူမကို ​ကျောက်ကျန်း​ကွေ့အား မိစ္ဆာဂိုဏ်းချုပ် နှစ်သက်လာ​အောင် ဘယ်လိုမြှူဆွယ်ရမည် ဆိုတာကို သင်​ပေး​ဖို့ ​​တောင်းဆိုထားကြသည်။

ယွဲ့ချင်းချင်းက ယပ်တောင်​လေးကို ညင်သာစွာခတ်လိုက်ရင်း ချိုသာ​စွာ​​ပြောသည်။ "​ကျောက်သူရဲ​ကောင်း​လေး...ရှင်က အရမ်းကို ရုပ်​ချောသားပဲ...မျက်နှာထားကို အဲ့လိုကြီး တင်းမထားပါနဲ့လား..ရှင်သာပြုံး​​နေမယ်ဆိုရင်...နတ်ဘုရား​တွေ​တောင်မှ ရှင့်ကို ကြိုက်နှစ်သက်လာနိုင်​လောက်တယ်.."

​ကျောက်ကျန်း​ကွေ့က မျက်​မှောင်ကျုံ့လိုက်ကာ ဘာမှပြန်မ​ပြော​ပေ။

ယွဲ့ချင်းချင်းက ထပ်​ပြောပြန်သည်။ "စကားချိုချို​လေး​တွေ ​ပြောတတ်ရင်​လည်း ​ကောင်းတယ်..​​​ယောက်ျား​တွေက ချိုသာတဲ့စကား​တွေကို နား​ထောင်ရတာ အကြိုက်ဆုံးပဲ..."

​ကျောက်ကျန်း​​​ကွေ့_" စကားချိုချို​လေး​တွေ..?"

ယွဲ့ချင်းချင်းက ပါးစပ်ကိုအုပ်လိုက်ပြီး ရယ်​မော​လေသည်။ "တကယ်လို့ ရှင်က လူတစ်​ယောက်ကို အချစ်​လေး..လို့ ​ခေါ်မယ်ဆိုရင်..အဲ့လူက ရှင့်ကို မကြိုက်ပဲ လုံးဝ​ကို နေနိုင်မှာမဟုတ်ဘူး..."

​ကျောက်ကျန်း​ကွေ့က ​အေးစက်စွာဖြင့်_"ဒါက ပေါ့​ပေါ့​လေး​ပြောလိုက်တာပဲ...ဘယ်သူက အာ့လို အဓိပ္ပာယ်မရှိတဲ့စကားကို လွယ်လွယ်​လေး​ပြောနိုင်မှာလဲ?"

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now