-53+54+55-

666 116 2
                                    

နောက်ဆုံးတွင် ကျောက်ကျန်းကွေ့တစ်ယောက် တောင်အောက်သို့ ဆင်းခွင့်ရပြီဖြစ်သည်။

သူ့နောက်တွင်လည်း ကျိဟန်ထည့်ပေးလိုက်သော ကိုယ်ရံတော်များနှင့် ဟွားလက်ရုံးတို့က တစ်ပါတည်း လိုက်လာကြသည်။ ကျိဟန်ကတော့ ထိုလူများမှာ ယုံကြည်ရသူများဖြစ်၍ ကျောက်ကျန်းကွေ့ကို ခက်ခဲအောင်လုပ်လိမ့်မည်မဟုတ်ဟု မှာလိုက်သည်။ ထို့ကြောင့် သူစိတ်ပူစရာ ဘာမှမရှိပေ။

တောင်အောက်ရှိမြို့မှာ မြို့ငယ်တစ်ခုဖြစ်ပြီး နေထိုင်သူအများစုမှာ မိစ္ဆာဂိုဏ်းသားများ၏ မိသားစုဝင်များဖြစ်သည်။ မြို့လေးမှာ စိမ်းလန်းစိုပြေပြီး လူနေထူထပ်လှသည်။ လမ်းတိုင်း၌ မျိုးစုံသော စျေးဆိုင်များဖြင့် ပြည့်နေပြီး အလွန်စည်ကားလှသည်။

မြို့နေလူအများစုက ဟွားလက်ရုံးအား သိကြ၏။ သူတို့က ဟွားလက်ရုံးကို နှုတ်ဆက်ရင်း ​ကျောက်ကျန်း​ကွေ့အား စူးစမ်းသည့်မျက်လုံးများဖြင့် ​စောင်းငဲ့ကာ ကြည့်သွားကြသည်။

သူတို့စိတ်ထဲတွင် မိန်းမလှ​လေးနှင့် လူ​ချော​လေးတို့အား ယှဥ်တွဲ​မြင်ရသဖြင့် အလွန်လိုက်ဖက်ညီသည်ဟု ထင်သွားကြပုံပင်။ မကြာမီတွင် လူတစ်​ယောက်က အပြုံး​လေးဖြင့် စ​နောက်လာ၏။ "ဟွားလက်ရုံးတစ်​ယောက် ​နောက်ဆုံး​တော့  လက်ထပ်​တော့မှာလား?"

ဟွားလက်ရုံက ထိုလူအား ကြည့်လိုက်ပြီး_ "ဝေ့ချွှီ..! ဝေ့စန်းအာ..!  ပါးစပ်ထဲရှိတာ​တွေ ​လျှောက်​ပြောမ​နေနဲ့.. ဂိုဏ်းချုပ်က နင့်ကို လျှာဖြတ်လိုက်လိမ့်မယ်!!"

​​​ဝေ့ချွီက နားမလည်​ပေ။  "ဒီကိစ္စက ဂိုဏ်းချုပ်နဲ့ ဘာဆိုင်လို့တုန်း?"

ဟွားလက်ရုံးက ​ကျောက်ကျန်း​ကွေ့အား မျက်​လုံးဖြင့် ညွှန်ပြလိုက်ပြီး​နောက် ​အလေးအနက်ပြောလာသည်။ " ဂိုဏ်းချုပ် ပိုင်တဲ့လူ"

​ကျောက်ကျန်း​ကွေ့  :  "......."

​ဝေ့ချွီတစ်​ယောက် ဥာဏ်အလင်းပွင့်သွား​၏။

​ဘေးနားမှ နားစွင့်​နေသည့်လူများကလည်း တစ်ပြိုင်နက်ထဲ ​ကျောက်ကျန်း​ကွေ့အား လှည့်ကြည့်လာကြသည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now