ကျောက်ကျန်းကွေ့မှာ တံခါးဘက်သို့ ပြန်ထွက်သွားလေပြီ။
ကျိဟန်မှာ ဘာပြောရမှန်းမသိဖြစ်ကာ ဆက်ရပ်နေရင်း အခန်းထဲ၌ အခြားလူများရှိနေသေးကြောင်းကို အမှတ်ရသွားတော့သည်။
သူက စိမ်းပုပ်နေသောမျက်နှာဖြင့် ရှောင်လင်းနှင့် အခြားအစေခံမလေးနှစ်ယောက်ကို လှည့်ကြည့်သည်။
မိန်းကလေးနှစ်ယောက်ထဲမှ အသက်အနည်းငယ်ကြီးကာ ဥာဏ်ကောင်းဟန်ပေါ်သည့်တစ်ယောက်က ချက်ချင်းပင် ရင်ဘတ်ကိုဖိကာ မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်၏။ ပါးစပ်မှလည်း ကရားရေလွှတ်သလို ရေရွတ်နေသေးသည်။
"အိုက်ယား..ဒီအစေခံက မနက်က ဘာမှမစားထားခဲ့တော့ ခန္ဓာကိုယ်က အားနည်းပြီး မျက်လုံးတွေ ပြာဝေလာလိုက်တာ...ဘာဆိုဘာမှကို မမြင်လိုက်ပါဘူးနော်!!!"
ကျိဟန် : "........."
အသက်ပိုငယ်သည့် အစေခံလေးမှာတော့ ဘာမှမပြောနိုင်အောင်ပင် ထိတ်လန့်နေသည်။ သူမက ကျိဟန်နှင့် မျက်လုံးချင်းမဆုံစေပဲ ဘေးပတ်ပတ်လည်ကို ကျီးကန်းတောင်မှောက် လှည့်ပတ်ကြည့်ပြီးနောက်တွင် မျက်လုံးများကို မှိတ်ချလိုက်၏။ ထို့နောက် သူမ၏ လုပ်ဖော်ကိုင်ဖက်ရှိရာဘက်သို့ ထောက်ခံဟန်ဖြင့် လက်မထောင်ပြလိုက်တော့သည်။
ရှောင်လင်းကမူ စိုးရိမ်တကြီးဖြင့်_"ဂိုဏ်းချုပ်..ဒါက ဂိုဏ်းချုပ်တွေးနေသလိုမျိုး မဟုတ်ပါဘူး.."
ကျိဟန်က ဟွန့်ခနဲ လှောင်ပြောင်လိုက်ပြီး_"ဟုတ်ဟုတ် မဟုတ်ဟုတ် ဂရုမစိုက်ဘူး.."
လူတွေမြင်သွားမှတော့ အကုန်လုံးကို နှုတ်ပိတ်ဖို့ သတ်ပစ်လိုက်ရုံပဲ!!!
ရှောင်လင်းက သတိထားပြီး ပြောလာသည်။ "ကျောက်သူရဲကောင်း...သူ...သူက.. ဒီငယ်သားကိုမေးနေတာပါ..ဂိုဏ်းချုပ် ဘာစားရတာကြိုက်လဲဆိုတာ..."
ကျိဟန်က သူ့ကို စိုက်ကြည့်ရင်း_"ငါကြိုက်တဲ့ အစားအစာလား..?"
ရှောင်လင်းက ပုတ်သင်ညိုကဲ့သို့ အခါခါခေါင်းငြိမ့်ပြလိုက်ပြီး_"ကျောက်သူရဲကောင်းက..ဂိုဏ်းချုပ်ကို သူကိုယ်တိုင် ဟင်းချက်ကျွေးချင်လို့ပါ..တဲ့ !!"
ကျိဟန် : "......."
______________________________________________________________________
30.7.2022(Sat)🤍
/////////////////////////////////////////////////////////////////////////////////
~~~~~ZAWGYI VERSION~~~~~
ေက်ာက္က်န္းေကြ႕မွာ တံခါးဘက္သို႔ ျပန္ထြက္သြားေလၿပီ။
က်ိဟန္မွာ ဘာေျပာရမွန္းမသိျဖစ္ကာ ဆက္ရပ္ေနရင္း အခန္းထဲ၌ အျခားလူမ်ားရွိေနေသးေၾကာင္းကို အမွတ္ရသြားေတာ့သည္။
သူက စိမ္းပုပ္ေနေသာမ်က္ႏွာျဖင့္ ေရွာင္လင္းႏွင့္ အျခားအေစခံမေလးႏွစ္ေယာက္ကို လွည့္ၾကည့္သည္။
မိန္းကေလးႏွစ္ေယာက္ထဲမွ အသက္အနည္းငယ္ႀကီးကာ ဥာဏ္ေကာင္းဟန္ေပၚသည့္တစ္ေယာက္က ခ်က္ခ်င္းပင္ ရင္ဘတ္ကိုဖိကာ ေျမျပင္ေပၚသို႔ ဒူးေထာက္ခ်လိုက္၏။ ပါးစပ္မွလည္း ကရားေရလႊတ္သလို ေရ႐ြတ္ေနေသးသည္။
"အိုက္ယား..ဒီအေစခံက မနက္က ဘာမွမစားထားခဲ့ေတာ့ ခႏၶာကိုယ္က အားနည္းၿပီး မ်က္လုံးေတြ ျပာေဝလာလိုက္တာ...ဘာဆိုဘာမွကို မျမင္လိုက္ပါဘူးေနာ္!!!"
က်ိဟန္ : "........."
အသက္ပိုငယ္သည့္ အေစခံေလးမွာေတာ့ ဘာမွမေျပာႏိုင္ေအာင္ပင္ ထိတ္လန႔္ေနသည္။ သူမက က်ိဟန္ႏွင့္ မ်က္လုံးခ်င္းမဆုံေစပဲ ေဘးပတ္ပတ္လည္ကို က်ီးကန္းေတာင္ေမွာက္ လွည့္ပတ္ၾကည့္ၿပီးေနာက္တြင္ မ်က္လုံးမ်ားကို မွိတ္ခ်လိုက္၏။ ထို႔ေနာက္ သူမ၏ လုပ္ေဖာ္ကိုင္ဖက္ရွိရာဘက္သို႔ ေထာက္ခံဟန္ျဖင့္ လက္မေထာင္ျပလိုက္ေတာ့သည္။
ေရွာင္လင္းကမူ စိုးရိမ္တႀကီးျဖင့္_"ဂိုဏ္းခ်ဳပ္..ဒါက ဂိုဏ္းခ်ဳပ္ေတြးေနသလိုမ်ိဳး မဟုတ္ပါဘူး.."
က်ိဟန္က ဟြန႔္ခနဲ ေလွာင္ေျပာင္လိုက္ၿပီး_"ဟုတ္ဟုတ္ မဟုတ္ဟုတ္ ဂ႐ုမစိုက္ဘူး.."
လူေတြျမင္သြားမွေတာ့ အကုန္လုံးကို ႏႈတ္ပိတ္ဖို႔ သတ္ပစ္လိုက္႐ုံပဲ!!!
ေရွာင္လင္းက သတိထားၿပီး ေျပာလာသည္။ "ေက်ာက္သူရဲေကာင္း...သူ...သူက.. ဒီငယ္သားကိုေမးေနတာပါ..ဂိုဏ္းခ်ဳပ္ ဘာစားရတာႀကိဳက္လဲဆိုတာ..."
က်ိဟန္က သူ႔ကို စိုက္ၾကည့္ရင္း_"ငါႀကိဳက္တဲ့ အစားအစာလား..?"
ေရွာင္လင္းက ပုတ္သင္ညိဳကဲ့သို႔ အခါခါေခါင္းၿငိမ့္ျပလိုက္ၿပီး_"ေက်ာက္သူရဲေကာင္းက..ဂိုဏ္းခ်ဳပ္ကို သူကိုယ္တိုင္ ဟင္းခ်က္ေကြၽးခ်င္လို႔ပါ..တဲ့ !!"
က်ိဟန္ : "......."
______________________________________________________________________
30.7.2022(Sat)🤍
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...