-5-

1.3K 261 16
                                    

ပတ်ဝန်းကျင်တစ်ခုလုံးမှာ ရုတ်တရက်တိတ်ဆိတ်ငြိမ်သက်သွားပြီး ဘေးအနားတွင်ရှိနေသောလူများမှာ ပါးစပ်အဟောင်းသားဖြင့် စကားပင်ဆက်မပြောနိုင်တော့။

ခဏကြာပြီးနောက် တစ်စုံတစ်ယောက်က ရထားလုံးမှ ပြတင်းလိုက်ကာများကို မ,တင်လိုက်သည်။

ကျောက်ကျန်းကွေ့ကလည်း တစ်ချက်ကြည့်ရန် ချက်ချင်းခေါင်းမော့လိုက်၏။ ရထားလုံးထဲတွင် ထိုင်နေသူမှာ အသက်နှစ်ဆယ်အရွယ်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်ပြီး တစ်ကိုယ်လုံးအနက်ရောင်အဝတ်အစားကို ဝတ်ဆင်ထားလျက်ဖြင့် သူ့ကို အေးစက်စွာစူးစိုက်ကြည့်နေသည်။

အကြီးအကဲများက သူ့ကို မိစ္ဆာဂိုဏ်းချုပ်၏ ပုံတူပန်းချီအား တစ်ခါပြသဖူးသည်။ ထိုပန်းချီရုပ်ပုံမှာ ယခုသူ့ရှေ့မှ လူနှင့် တစ်ထပ်တည်းကျလေ၏။

အရမ်းကောင်းတယ်! ဒီလူက တကယ့်ကို မိစ္ဆာဂိုဏ်းရဲ့ ဂိုဏ်းချုပ်အသစ် 'ကျိဟန်' ပဲ!

အကြီးအကဲများ၏ ယူဆချက်အရ ကျိဟန်မှာ ယခုအခြေအနေတွင် အလွန်အံ့သြသင့်ပြီး စိတ်လှုပ်ရှားသွားလိမ့်မည်ဟု။ သူနှစ်အတော်ကြာ တိတ်တခိုးချစ်လာရသူက သူ့ရှေ့တွင် ဘွား ခနဲ့ ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည်။ သေချာပေါက်ကို သူ့အမူအရာမှာ ပျက်ယွင်းသွားလိမ့်မည်ပင်။ ထို့အချိန်တွင် ကျောက်ကျန်းကွေ့မှာ ပါးစပ်ကိုပိတ်ထားကာ ကျိဟန်၏ တုံ့ပြန်မှုကို ကြည့်ရမည်။ ပြီးမှ အခြေအနေကိုလိုက်၍ ကျွမ်းကျင်သူများ ပြင်ဆင်ကျက်မှတ်ခိုင်းထားသော စာကြောင်းများထဲမှ အကိုက်ညီဆုံးတစ်ခုကို ရွေးကာ စကားထပ်ပြောရန်ပင်။

လက်ရှိတွင်လည်း ကျိဟန်မျက်လုံးများထဲ၌ အရိပ်တစ်ချို့ ဖြတ်ပြေးသွားသည်။

ကျောက်ကျန်းကွေ့က စကားပြောရန်အတွက် သူမကြာခင်ကမှ နှုတ်တိုက်အာဂုံဆောင်ခဲ့သော စာကြောင်းများကို ပြန်လည်တွေးတောနေလေ၏။

ထိုစဥ်တွင် ကျိဟန်ကမေးသည်။ "ကျောက်ကျန်းကွေ့?"

ကျောက်ကျန်းကွေ့  : "ဟုတ်တယ်.."

ကျိဟန်က ပြုံးလိုက်ပြီး_"ကောင်းတယ်.."

ကျောက်ကျန်းကွေ့က ဘာမှပြန်မပြောပေ။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now