ထိုစဥ် အစေခံအကြီးအကဲက သစ်သီးချိုများ ထည့်ထားသော ပန်းကန်တစ်ခုဖြင့် ဝင်လာသည်။
သူမက ကျိဟန်လက်ထဲမှ ပန်းကန်အလွတ်အား မြင်သောအခါ အလွန်အံ့သြသွားပုံပင်။ ထို့နောက် တစ်ခဏချင်း သူမပုံမှာ စိတ်ဆိုးသွားသည့်ပုံ ဖြစ်သွား၏။
"ဂိုဏ်းချုပ်.. အခုချိန်ထိ ဆေးကို သေချာမသောက်ချင်သေးဘူးပဲ!! " သူမက ခါးထောက်လိုက်ပြီး ဆက်လက်ဆူပူလာသည်။ "ဒီတစ်ခါ ဘယ်ထဲကို သွန်လိုက်ပြန်ပြီလဲ... ဂိုဏ်းချုပ် ပန်းအိုးထဲကို ဆေးတွေသွန်လိုက်ရင် ပန်းတွေ သေသွားလိမ့်မယ်လို့ ဒီအစေခံက ဘယ်နှစ်ခါပြောနေရမှာလဲ!!"
ကျိဟန် : "ငါမသွန်လိုက်.."
အစေခံအကြီးအကဲမှာ ပို၍ပင် စိတ်တိုလာပြီး_ "အခုထိ ငြင်းနေတုန်းပဲလား!! ဂိုဏ်းချုပ် ဆေးမသောက်ဘူးဆိုရင် ဒဏ်ရာက သက်သာလာမှာမဟုတ်ဘူးလေ!!"
ကျိဟန် : "ငါတကယ်သောက်ပြီးသွားပြီလို့..! "
အစေခံအကြီးအကဲ : "အရင်တုန်းက
ဂိုဏ်းချုပ် ဒဏ်ရာရလာတိုင်း ဆေးသောက်ဖို့တိုက်တွန်းရတာ ကျွန်မအရမ်းပင်ပန်းတာ.. ဆေးတစ်ခွက်သောက်ဖို့ အနည်းဆုံး နာရီဝက်ကတော့ ကြာတယ်.. ဒီနေ့ကျ ကျွန်မ သစ်သီးချိုလေးတွေ သွားယူတုန်းရှိသေးတယ်.. တစ်ပန်းကန်လုံးကုန်သွားပြီဆိုတာမဖြစ်နိုင်ဘူး.. သေချာပေါက် ဂိုဏ်းချုပ် သွန်ပစ်လိုက်တာပဲဖြစ်ရမယ်.."ကျိဟန်နှုတ်ခမ်းမှာ အနည်းငယ်ရွဲ့သွားပြီး ဒီအခြေအနေကို အလွန်စိတ်ညစ်ပြီး ကူကယ်ရာမဲ့နေဟန်။
ကျောက်ကျန်းကွေ့လည်း မနေသာတော့ပဲ ဝင်ပြီးရှင်းပြရသည်။ "သူ တကယ်သောက်လိုက်တာ.."
အစေခံအကြီးအကဲက လွယ်လွယ်ဖြင့် ယုံကြည်ဟန်မတူ။ "ကျောက်သခင်လေး.. မင်းသူ့ကို ကူပြီး လိမ်ပေးစရာမလိုပါဘူး.."
ကျောက်ကျန်းကွေ့မှာ ရယ်ရမလား၊ ငိုရမလားပင်မသိတော့.။ "ကျွန်တော်က သူအမြန်သက်သာလာဖို့ မျှော်လင့်တာလေ.. ဘာလို့ သူ့ကို ကူလိမ်ပေးရမှာလဲ?"
အစေခံအကြီးအကဲ : "ဒါဆို ဂိုဏ်းချုပ်က တကယ်ပဲ ဆေးသောက်ပြီးပြီပေါ့??"
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...