-20-

819 157 2
                                    

ကျောက်ကျန်းကွေ့ တစ်ဘဝလုံးတွင် ဟင်းချက်ဖို့မဆိုထားနှင့်။ ဟင်းချက်ဓားကိုပင် တစ်ခါမှ မကိုင်ဖူးပေ။

သိုင်းပညာကျွမ်းကျင်သူများအတွက် အရာရာတိုင်းသည် လူသတ်နိုင်သည့် လက်နက်များပင်ဖြစ်သည်။ ဟင်းချက်ဓားသည်လည်း ဓားသာဖြစ်သည့်အတွက် လက်နက်တစ်ခုသာဖြစ်သည်။ ကျောက်ကျန်းကွေ့သည် နံပါတ်တစ်ဓားသမားဖြစ်သည့်အလျောက် လက်နက် အမျိုးအစားပေါင်းစုံကို ကျွမ်းကျင်၏။ ဓားပေါင်းစုံကိုလည်း သုံးဖူး၏။ ထို့ကြောင့် ပြဿနာမရှိနိုင်ပေ။

...........................

ကြည့်ရသည်မှာ သူကျွမ်းကျင်သည့် အလုံးစုံသော ထိုဓားများထဲ၌ ဟင်းချက်ဓား မပါဝင်ပုံပေ...။
သူက ကြက်သွန်ဖြူဥအနည်းငယ်ကို လှီးချင်ရုံမျှဖြစ်သော်လည်း ဓားကို နှစ်ခါတောင် လွတ်ကျပြီးနေပြီဖြစ်သည်။

သူ့၌ သွက်လက်စွာ ရှောင်တိမ်းနိုင်စွမ်းသာ မရှိပါက ထိုဟင်းချက်ဓားမှာ သူ့ခြေထောက်အား ထိုးစိုက်သွားမည်ဖြစ်တော့၏။

ရှောင်လင်းသည်လည်း ဘေးမှ ဆက်လက်ကြည့်ရှုနိုင်စွမ်း မရှိတော့ပဲ ဂိုဏ်းမှ စားဖိုမှူးထံ ဟင်းချက်နည်းအား လမ်းညွှန်ရေးသားပေးရန် တောင်းဆိုဖို့ ထွက်သွားလေသည်။

ထိုစားဖိုမှူးမှာ ကျိဟန်ငယ်စဥ်ကတည်းက ဂိုဏ်းထဲ၌ ဟင်းချက်ရာတွင် တာဝန်ယူလာသူဖြစ်ရာ ကျိဟန်၏ အကြိုက်ကို အထူးနားလည်ပေသည်။ ကြက်ဥခေါက်ဆွဲလုပ်ရမည့် အဆင့်များမှာ အလွန်ပင်ရိုးရှင်းလွယ်ကူသောကြောင့် သူမက စာကြောင်းအနည်းငယ်သာ ရေးပေးလိုက်သည်။ ခေါက်ဆွဲများမှာ အသင့်လုပ်ပြီးသားဖြစ်သဖြင့် ကျောက်ကျန်းကွေ့က ထိုခေါက်ဆွဲများကို ရေနွေးထဲထည့်ပြုတ်ကာ ကြက်ဥကိုကြော်ပြီး ခေါက်ဆွဲပြုတ်ပေါ်တွင် တင်လိုက်ရုံသာ..။ ထိုမျှဖြင့် ပြည့်စုံပေသည်။

ထို့ပြင် သူမက ဂရုတစိုက်ရေးသားပေးလိုက်သေးသည်။ ဂိုဏ်းချုပ်က ကြက်သွန်မြိတ်ကို အလွန်မုန်းတီးသောကြောင့် လုံးဝထည့်လို့မဖြစ်ပေ။ ကြက်ဥကြော်ရာတွင်မူ ကြက်သွန်ဖြူနှင့် ဂျင်းကို ဆီသပ်ကာ ကြော်ရမည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now