-16-

888 196 9
                                    

ကျောက်ကျန်းကွေ့မှာ ဘယ်လိုရှင်းပြရမည်ကို စဥ်းစားမရပေ။

သူတို့ ခုနကမှပြောနေသည့် အကြောင်းအရာမှာ ချက်ချင်းကြီးဖြစ်ပျက်လာမည်ဟု ထင်မထားမိခဲ့..။

ရှောင်လင်းက ကြောက်လန့်တကြားဖြင့် ကျိဟန်အား ရှင်းပြဖို့ ကြိုးစားနေသည်။ "ဂိုဏ်းချုပ်..ဒီငယ်သားနဲ့ ကျောက်သူရဲကောင်းနဲ့က...စကားစမြည်ပြောနေရုံပါ..ဟို..ဟို..သိချင်လို့.."

ကျိဟန်က အသံမာမာဖြင့်_"ငါမင်းကို မေးနေတာမဟုတ်ဘူး"

ရှောင်လင်မှာ ချက်ချင်းပါးစပ်ပိတ်ကာ ဘေးသို့သာ ထွက်ရပ်နေရတော့၏။

ကျိဟန်က သူ့အကြည့်ကို ကျောက်ကျန်းကွေ့ထံ ပို့လိုက်ပြီး ထပ်မေးသည်။ "ငါ မင်းကို မေးနေတယ်.."

ကျောက်ကျန်းကွေ့မှာ ယခုအခြေအနေတွင် ရှင်းပြလည်း အကျိုးမထူးဆိုတာကို နားလည်၏။ သို့ရာ ဟိုစာအုပ်ထဲက နောက်ဆုံးစာကြောင်းကိုသာ လက်တွေ့အကောင်အထည်ဖော်ရန် လေးလေးနက်နက်တွေးတောနေရသည်။

စာအုပ်က ပထမဆုံးညွှန်ကြားသည်မှာ လူမြင်ကွယ်ရာနေရာတစ်ခုသို့ အရင်သွားရန်..။

ကျိဟန်မှာ တံခါးဝတွင် ရပ်နေပြီး သူ့နောက်တွင်လည်း မိန်းကလေးနှစ်ယောက်ရှိနေသေးသည်။ ထို့ကြောင့် သူ ကျိဟန်ကို နံရံအကွယ်သို့ ရအောင်ခေါ်ယူရမည်။

ကျောက်ကျန်းကွေ့ က နံရံနားသို့ သွားလိုက်ပြီး_ : "ဒီဘက်ကိုလာခဲ့..ငါတို့ဘာလုပ်နေတယ်ဆိုတာ ပြောပြမယ်.."

ကျိဟန်က သူ့ကို မှုန်မှိုင်းနေသည့်မျက်နှာထားဖြင့် စိုက်ကြည့်နေရင်း တုပ်တုပ်မှမလှုပ်ပေ။

ကျောက်ကျန်းကွေ့က ခဏစဥ်းစားလိုက်ပြီး ပြောသည်။ "ငါထင်တာ..တစ်ချို့ကိစ္စတွေကို မင်း အခြားသူတွေ ကြားမှာ မလိုချင်လောက်ဘူးလို့..."

ကျိဟန် : "ငါက ငါ့လက်အောက်ငယ်သားတွေအပေါ်မှာ ပွင့်လင်းတယ်..သူများမသိစေချင်ရလောက်တဲ့ကိစ္စမျိုး ငါ့ဆီမှာ မရှိဘူး"

ကျောက်ကျန်းကွေ့ : "သေအတူ ရှင်မကွာ မခွဲ.."  [ch-12]

ကျိဟန်တစ်ယောက် မဆိုင်းမတွပဲ ထိုနံရံနားသို့ လျှောက်သွားရတော့သည်။ နံရံအကွယ်တွင် ကျောက်ကျန်းကွေ့နှင့် သူသာရှိသည်။

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now