နောက်တစ်နေ့မနက် ကျောက်ကျန်းကွေ့ အိပ်ယာမှ နိုးလာချိန်တွင် ကျိဟန်မှာ မနိုးသေးဟု သိရသဖြင့် မနက်စာကို တစ်ယောက်တည်း စားလိုက်သည်။ ထို့နောက် သိုင်းပညာအနည်းငယ် လေ့ကျင့်လိုက်သောအခါ သူ့ခန္ဓာကိုယ်က အတော်လန်းဆန်းသွား၏။
ရှောင်လင်းခေါင်းရှိ အဖုကြီးမှာ သက်သာသွားပြီဖြစ်သည်။ သူက ကျောက်ကျန်းကွေ့ဆီသို့ ဒရောသောပါး ပြေးလာပြီး_ "ကျောက်သူရဲကောင်း!! ဂိုဏ်းချုပ်က နိုးလာပြီ.. ပြီးတော့ သူအခုပဲ ဆေးသောက်တော့မှာ!!"
ကျောက်ကျန်းကွေ့မှာ နှလုံးသားထဲ၌ အလွန်စိတ်လှုပ်ရှားသွားကာ ကျိဟန်အခန်းဆီသို့ ချက်ချင်း ပြေးသွားတော့သည်။
အစေခံလေးများမှာ သူတို့နှစ်ယောက်ကြားရှိ ဆက်ဆံရေးကို သဘောပေါက်ထားပြီဖြစ်၍ ကျောက်ကျန်းကွေ့က သူတို့ဂိုဏ်းချုပ်အခန်းထဲသို့ အတင်းဝင်လာသည်ကိုမြင်တော့ ချက်ချင်းပဲ အခန်းပြင်သို့ ထွက်သွားကြသည်။ ကြည့်ရသည်မှာ သူတို့က ဒီအကြောင်းအရာကို အလျင်အမြန်ပဲ အသားကျသွားဟန်ဖြင့်။
ကျိဟန်က ဆံပင်ကို ဖြည်ချထားပြီး အတွင်းဝတ်ရုံတစ်ထည်တည်းဖြင့် ကုတင်တိုင်ကို မှီကာ ထိုင်နေသည်။ ကျောက်ကျန်းကွေ့ ဝင်လာသည်ကိုကြားတော့ ကျိဟန်က တစ်ချက်မော့ကြည့်၏။ ထို့နောက် သူ့အကြည့်များမှာ လက်ထဲရှိ မည်းနက်နေသည့် ဆေးခွက်ဆီသို့ ပြန်ရောက်သွားသည်။
သူက ဆုံးဖြတ်ချက်ချလိုက်ဟန်ဖြင့် ဆေးကို တစ်ငုံမော့သောက်လိုက်၏။ ထိုဆေး ပါးစပ်ထဲရောက်သည်နှင့် သူ့မျက်ခုံးများက စုကျုံ့သွားတော့သည်။
ကျောက်ကျန်းကွေ့မှာ သူအချိန်ကိုက်ရောက်လာကြောင်း သိလိုက်ရသဖြင့် အလွန်ပျော်ရွှင်သွားပြီး ဝတ်ရုံလက်ထဲမှ မြေပဲသကြားလုံးထုပ်အား အမြန်ထုတ်လိုက်သည်။ ထို့နောက် ကျိဟန်အား စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်၏။ "ကျိဟန် !!"
ကျိဟန်မှာ ရုတ်တရက်အော်လိုက်သည့် သူ့အသံကြောင့် တုန်သွားပြီး လက်ထဲရှိ ဆေးပန်းကန်ကိုပင် ကုတင်ပေါ်သို့ မှောက်ချမိတော့မလို ဖြစ်သွား၏။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...