-29-

786 150 1
                                    

​ကျောက်ကျန်းကွေ့ နိုးလာချိန်၌ နေ​ရောင်မှာ ​​တောက်ပ​နေပြီဖြစ်သည်။

သူက အလွန်အိစက်​သော အိပ်ရာတစ်ခု​ပေါ် ​​ရောက်​နေပြီး ​စျေးကြီးလှသည့် ပိုးစောင်က သူ့အ​ပေါ် ဖုံးလွှမ်းလျက်..။

အရက်​ကြောင့် သူ့ခေါင်းမှာ ထိုးကိုက်​​နေ၏။ ​လည်​ချောင်းသည်လည်း ​ခြောက်​သွေ့​နေပြီး ​ရေတစ်အိုးလုံးကိုပင် ​မော့​သောက်ချင်စိတ်​ပေါက်​​​နေသည်။

ထိုစဥ် အပြင်ဘက်မှ လူတစ်​ယောက်က ​အော်ဟစ်လာသည်။ အသံကို သတိပြုမိ​သော် ​ရှောင်လင်းဖြစ်ပုံရ၏။

"ဂိုဏ်းချုပ်.. ညာလက်ရုံး နဲ့ အခြားအကြီးအကဲ​တွေက အစည်းအ​ဝေးခန်းမထဲမှာ ​စောင့်​နေတာ ကြာပါပြီ.. ဂိုဏ်းချုပ်.. နိုး​နေပြီလား???"

​ကျောက်ကျန်းကွေ့  ဦး​နှောက်မှာ ရုတ်တရက် ဗလာကျင်းသွား​တော့သည်။

ဂိုဏ်းချုပ်????

သူက ​​​တွေး​တောရင်း ခေါင်းကို တစ်ဖက်သို့ လှည့်လိုက်ချိန်တွင် ​တွေ့ရသည်က__
သူ့အား မျက်လုံးပြူးကာ ကြည့်​နေသည့် ကျိဟန်၏ မျက်နှာဖြစ်​လေသည်။

​ကျောက်ကျန်း​ကွေ့  :  "......."

ကျိဟန်  :  "......."

_______________________________

4.8.2022(Thur)🤍

~~~~Zawgyi Version~~~~

​ေက်ာက္က်န္းေကြ႕ ႏိုးလာခ်ိန္၌ ေန​ေရာင္မွာ ​​ေတာက္ပ​ေနၿပီျဖစ္သည္။

သူက အလြန္အိစက္​ေသာ အိပ္ရာတစ္ခု​ေပၚ ​​ေရာက္​ေနၿပီး ​ေစ်းႀကီးလွသည့္ ပိုးေစာင္က သူ႔အ​ေပၚ ဖုံးလႊမ္းလ်က္..။

အရက္​ေၾကာင့္ သူ႔ေခါင္းမွာ ထိုးကိုက္​​ေန၏။ ​လည္​ေခ်ာင္းသည္လည္း ​ေျခာက္​ေသြ႕​ေနၿပီး ​ေရတစ္အိုးလုံးကိုပင္ ​ေမာ့​ေသာက္ခ်င္စိတ္​ေပါက္​​​ေနသည္။

ထိုစဥ္ အျပင္ဘက္မွ လူတစ္​ေယာက္က ​ေအာ္ဟစ္လာသည္။ အသံကို သတိျပဳမိ​ေသာ္ ​ေရွာင္လင္းျဖစ္ပုံရ၏။

"ဂိုဏ္းခ်ဳပ္.. ညာလက္႐ုံး နဲ႔ အျခားအႀကီးအကဲ​ေတြက အစည္းအ​ေဝးခန္းမထဲမွာ ​ေစာင့္​ေနတာ ၾကာပါၿပီ.. ဂိုဏ္းခ်ဳပ္.. ႏိုး​ေနၿပီလား???"

​ေက်ာက္က်န္းေကြ႕  ဦး​ေႏွာက္မွာ ႐ုတ္တရက္ ဗလာက်င္းသြား​ေတာ့သည္။

ဂိုဏ္းခ်ဳပ္????

သူက ​​​ေတြး​ေတာရင္း ေခါင္းကို တစ္ဖက္သို႔ လွည့္လိုက္ခ်ိန္တြင္ ​ေတြ႕ရသည္က__
သူ႔အား မ်က္လုံးျပဴးကာ ၾကည့္​ေနသည့္ က်ိဟန္၏ မ်က္ႏွာျဖစ္​ေလသည္။

​ေက်ာက္က်န္း​ေကြ႕  :  "......."

က်ိဟန္  :  "......."

__________________________________________

4.8.2022(Thur)🤍

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now