-23-
753 146 1
ပတ်ဝန်းကျင်တစ်ခုလုံး မည်းမှောင်တိတ်ဆိတ်နေပြီး သန်းခေါင်ယံသို့ပင် ရောက်တော့မည်ဖြစ်သည်။
ကျောက်ကျန်းကွေ့မှာ အိပ်ယာပေါ်ထိုင်ရင်း သိုင်းလောက အေးချမ်းဖို့အတွက် အသက်ကို စတေးသွားခဲ့သော ရှေးသူရဲကောင်းများစွာနှင့် ယခုလက်ရှိ အသက်ရှင်နေဆဲဖြစ်သည့် သူ့မိတ်ဆွေသူရဲကောင်းများအကြောင်း လေးလေးနက်နက်တွေးတောနေ၏။ နောက်ဆုံး၌ သူ ယတိပြတ် ဆုံးဖြတ်ချက်ချ လိုက်တော့သည်။
ငါ မီးဖိုချောင်ထဲကို သွားပြီး နောက်ထပ် ကြက်ဥခေါက်ဆွဲတစ်ပွဲလုပ်ရမယ်!!
.......
မထင်မှတ်ထားစွာ မီးဖိုချောင်ထဲတွင် မီးအလင်းရောင်ရှိနေ၏။
ကျောက်ကျန်းကွေ့က တစ်ခဏမျှရပ်ကာ စဥ်းစားလိုက်ပြီးနောက် မီးဖိုးချောင်ထဲရှိလူကို ကြည့်ရန် ရှေ့ဆက်လျှောက်လိုက်သည်။
အကယ်၍ စားဖိုမှူးဆိုပါက သူ့အား မပေါက်ကွဲတတ်သည့် သာမန် ကြက်ဥခေါက်ဆွဲတစ်ပွဲ ချက်ရန် ကိုယ်တိုင်သင်ပြခိုင်းရမည်။ အခြားလူဆိုပါက နောက်ပြန်လှည့်ကာ ဒီနေရာကို လာဖို့ရည်ရွယ်ချက်မရှိသည့်ဟန်ဖြင့် ကိုယ့်အခန်းကိုယ် ပြန်သွားလိုက်မည်။ သ
သို့သော်လည်း မီးဖိုချောင်တံခါးဝသို့ ရောက်ချိန်၌ သူမြင်လိုက်ရသည့်သူမှာ ကျိဟန် ဖြစ်လေသည်။
ကြက်ဥခေါက်ဆွဲတစ်ပန်းကန်ကို စားနေရင်းတန်းလန်းဖြင့် ခေါင်းမော့ပြီး သူ့အားစိုက်ကြည့်နေသူမှာ ကျိဟန်အစစ်ပင်..။
ကျောက်ကျန်းကွေ့   :  "......."
ကျိဟန် :  "......."
_____________________________________________________________
3.8.2022(Wed)🤍
~~~~~ZAWGYI VERSION~~~~~
.......
ကျောက်ကျန်းကွေ့ : "......."
ကျိဟန် : "......."
_____________________________________________________________
3.8.2022(Wed)🤍
The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now