ကျင်းပေကောင်းမှာ လန့်ပြီးစကားများပင်ထစ်လာသည်။ "ကျောက်..ကျောက်သာ့ကော..မင်း..မင်း...နဲ့ ဒီ..ဒီ မိစ္ဆာဂိုဏ်းချုပ်နဲ့...မင်းတို့နှစ်ယောက်က.."
ကျိဟန် : "......."
ကျောက်ကျန်းကွေ့ : "ငါ..."
ပြန်ပြောဖို့အတွက် ဇာတ်ညွှန်းထဲက စာသားရှာမရတော့ဘူး...ငါဘာလုပ်သင့်လဲ??
သူတို့စကားများကို နားထောင်နေသည့် ပတ်ဝန်းကျင်ရှိလူများမှာ အူကြောင်ကြောင်ဖြစ်နေကြသည်။
ဘယ်သူမှ စကားဆက်မပြောလာတာကိုတွေ့တော့ ကျင်းပေကောင်းမှာ တစ်ခဏမျှ ရပ်သွားပြီးနောက် အလန့်တကြားပြောလာတော့သည်။ "ကျောက်သာ့ကော..မင်း တကယ်ကြီး..??? ငါ..တကယ်ကို ထင်မထားခဲ့ဘူး..ငါတကယ်..ထင်မထားခဲ့.."
ကျိဟန်၏အမူအရာမှာ ရုတ်တရက်လေးနက်သည့်ပုံသို့ ပြောင်းသွားပြီး_"မင်း အခု ဘာကိုမှ မကြားခဲ့ဘူး "
ကျင်းပေကောင်းမှာ ပုံမှန်အသိစိတ်ပြန်လည်မရရှိသေးသောကြောင့် လွှတ်ခနဲပြောလာသည်။ "ငါသေချာပေါက်ကြားလိုက်တယ်လေ"
ဘေးရှိလူအုပ်ကြီးကလည်း တုံ့ပြန်လာသည်။
"ငါလည်း ကြားလိုက်တယ်.."
"ငါရောပဲ..."ကျိဟန်က ဘာမှဆက်မပြောသေးပဲ ရပ်သွား၏။ ထို့နောက် သူ့မျက်နှာတွင် ကြောက်မက်ဖွယ်အရှိန်အဝါများ ပေါ်လာပြီး_"မင်းတို့ထဲမှာ ဒီကိစ္စကို ပြန်ပြောရဲတဲ့သူရှိရင်..မိုးမြေအဆုံးထိလိုက်ပြီး..ငါ အဲ့ဒီလူရဲ့ ခေါင်းကိုဖြတ်ပစ်မယ်.."
မည်သူမျှ အသံမထွက်ရဲတော့ပေ..။
ကျိဟန်က ခေါင်းကိုလှည့်ကာ ကျောက်ကျန်းကွေ့၏ လက်ကိုဆွဲပြီး ဆိုင်အပြင်ဘက်သို့ ဆွဲခေါ်လာတော့သည်။
ကျောက်ကျန်းကွေ့ : "........."
ရထားမောင်းသူမှာ ဆိုင်ပြင်တွင် စောင့်နေခဲ့သည်ဖြစ်ရာ သူတို့နှစ်ယောက် လက်တွဲပြီး ပြန်ထွက်လာသည်ကို မြင်တော့ မျက်လုံးပြူးကာ ကျောက်ရုပ်ကဲ့သို့ ရပ်သွားလေသည်။
သူ့ကိုလည်း ကျိဟန်က ဂရုပင်မစိုက်တော့ပဲ ကျောက်ကျန်းကွေ့အား ဆွဲထားရက်ပင် ကိုယ်ဖော့ပညာအားသုံးပြီး မြို့ပြင်သို့ ထွက်ခဲ့သည်။
YOU ARE READING
The Wrong Way To a Demon Sect Leader//Myanmar Translation
RomanceAuthor: 一只大雁 (Yi Zhi Dayan) Status: 82 Chapters + 47 Extras မိစ္ဆာဂိုဏ်း၏ အင်အားမှာ တစ်နေ့တစ်ခြားများပြားလာပြီး အင်အားသက်ရောက်မှုသည်လည်း ပိုမိုကျယ်ပြန့်လာသည်။ ထို့ကြောင့် ကျင့်ကြံရေးလောကမှ အကြီးအကဲများသည် သိုင်းလောက၏ နံပါတ်တစ်_ဓါးသမား ကျောက်ကျန်းကွေ...