-6-

1.2K 258 8
                                    

ကျိဟန်မှာ တစ်ခဏမျှ ကြက်​သေ​သေသွားပြီး​​​နောက် ​​​​ကြောင်​တောင်​တောင်နိုင်စွာဖြင့် ထစ်​​​ငေါ့စွာ ပြန်​မေးသည်။
"ဘာ..မင်း..မင်းဘာလိုချင်တာ..?"

​ကျောက်ကျန်း​​​​ကွေ့က တင်းမာစွာဖြင့်_" မင်းကို "

ကျိဟန် : "......"

​ကျောက်ကျန်း​ကွေ့မှာ ထိုစကားများကို​ပြောပြီး​နောက် အလွန်စိတ်ညစ်ညူးကာ ​နေရထိုင်ရခက်လာ​​တော့သည်။ ထို့​ကြောင့် သူက မျက်ခုံးများကို ကျုံ့ထားပြီး စကား​ပြောခြင်းကို ရပ်ကာ ​မ​ကျေမနပ်​တွေး​တော​နေသည်။

ဇာတ်ညွှန်း​ရေး​ပေးတဲ့ သူရဲ​ကောင်းဆိုတဲ့လူ​တွေ စိတ်ထဲမှာ ဒီလိုစကားလုံး​တွေ ​​ရှိ​နေတယ်ဆိုတာ လူကြားလို့​တောင်​ကောင်းရဲ့လား??!

နှစ်ဖက်စလုံးမှာ လမ်းလယ်၌ရပ်ကာ အချိန်အတန်ကြာ​​အောင် တိတ်ဆိတ်​နေ၏။ ​​​နောက်ဆုံးတွင် ကျိဟန်က စိတ်​​လျှော့လိုက်သည့်ဟန်ဖြင့် ​မေးလာသည်။ "ငါဘယ်သူလဲဆိုတာကို​ရော မင်းသိရဲ့လား..?"

လာပြီကွ! ​​နောက်ထပ် ဇာတ်ညွှန်းထဲမှာပါတဲ့ အကိုက်ဆုံးစာသား!

​ကျောက်ကျန်း​ကွေ့ : "သိတယ်..ဒါ​ပေမဲ့ ငါအဲ့တာ​တွေ ဂရုမစိုက်ဘူး"

ကျိဟန် : "မင်းက တကယ်သိ​တယ်​​ပေါ့.."

​ကျောက်ကျန်း​ကွေ့ : "ငါလိုချင်တာ မင်းကိုပဲ .ကျန်တဲ့အရာ​တွေက အ​​ရေးမကြီးဘူး.."

ကျိဟန် : "......"

ရထား​မောင်းသူမှာမူ သူ့နားနှစ်ဖက်သူ လက်ဖြင့်ပိတ်ကာ အခြားဘက်သို့လှည့်ရင်း ပါးစပ်မှ အဆက်မပြတ်​ရေရွတ်​နေ၏။

"ကျွန်​တော် ဘာမှမကြားရဘူး..ဘာမှလည်းမမြင်ပါဘူး..နှုတ်ပိတ်စရာမလိုပါဘူး...နှုတ်ပိတ်စရာမလိုပါဘူး...​ခေါင်း​ဆောင် ကျွန်​တော့်ကို နှုတ်ပိတ်ဖို့အတွက် မသတ်ပါနဲ့"

........

ကျိဟန်က ရုတ်တရက် ​မေးသည်။ "မင်းက တကယ်ပဲ ​ကျောက်ကျန်း​ကွေ့လား?"

​ကျောက်ကျန်း​ကွေ့က သတိပြန်လည်လာပြီး_" အင်း ဟုတ်တယ်"

ကျိဟန်က ​အေးစက်စွာဖြင့်_"သိုင်း​လောကရဲ့ နံပါတ်တစ် ဓါးသမားကြီးက ဝတ်ရုံလက်ပြတ်ဖြစ်​နေမယ်လို့ ငါတစ်ခါမှ မ​တွေးမိဖူးဘူး.."

The Wrong Way To a Demon Sect Leader//Myanmar TranslationWhere stories live. Discover now