((Zawgyi))
အပိုင်း (၁)
လူကြီးမင်းဟယ့်👾👾👾
ရွှီချန်ရန် ဖုန်းကိုင်လိုက်တော့ အချိန်ကား သန်းခေါင်ကျော် အရုဏ်တက်ဖြစ်လေပြီ။
"ကိုယ့်ကို လာခေါ်ပေး"
ဖုန်းထဲကအမျိုးသား၏ အသံက အနည်းငယ် ကွဲရှနေပြီး နောက်ခံအသံများက ဆူညံပွက်လောရိုက်နေသည်။
တစ်ဖက်လူက ထိုသို့ပြောပြီးတာနဲ့ ဖုန်းကို တန်းချသွားသည်။
ထို့နောက် ချက်ချင်းဆိုသလို ရွှီချန်ရန်၏ ဖုန်းထဲသို့ တည်နေရာပြ မက်ဆေ့တစ်စောင် ရောက်ရှိလာ၏။ ထိုနေရာက အရက်ဘားတစ်ခုကို ညွှန်ပြနေသည်။
ရွှီချန်ရန်သည် အိပ်ချင်စိတ်ကို ချုပ်တည်းရင်း အိပ်ရာမှထကာ အဝတ်အစားလဲပြီးနောက် ကားသော့ကိုယူကာ အမြန်ထွက်ခဲ့သည်။
ဆောင်းရာသီကုန်ပြီး မကြာသေးသည်မို့ အပြင်ဘက် ရာသီဥတုက အနည်းငယ်ချမ်းအေးလို့နေသည်။ ရွှီချန်ရန်သည် ကုတ်အကျီလေးကို ခပ်တင်းတင်း စေ့လိုက်ကာ ကားပေါ်တက်လိုက်သည်။
အချိန်က မနက်တစ်နာရီထိုးဖြစ်သည်။ သို့သော် မြို့လယ်ခေါင်ရှိလမ်းများကတော့ နေရာအနှံ့ ဆိုင်ခန်းမီးအလင်းရောင်များနှင့် ထိန်ထိန်ညီးလျက် ဆူညံစည်ကားလျက်ရှိသည်။
ရွှီချန်ရန်သည် အရက်ဘားသို့ရောက်သည်နှင့် လူအုပ်ကြီးကို ကျွမ်းကျင်စွာ ဖြတ်ကျော်ကာ သီးသန့်ခန်းတစ်ခုသို့ ဝင်လာသည်။ သူအခန်းတံခါးကိုဖွင့်ပြီး တစ်ချက်ကြည့်လိုက်တော့ လူအများအလယ်တွင် ထိုင်နေသော ထိုအမျိုးသားကို တွေ့ရသည်။
အခန်းထဲတွင် မီးအလင်းရောင် မှိန်ပျပျသာရှိပြီး အသံဗလံများ ဆူညံနေသည်။ များစွာသော အသက်ငယ်ပုံရသည့် ကောင်လေးများက အတူထိုင်ကာ အရက်သောက်နေကြပြီး ၄င်းတို့အလယ်တည့်တည့်ဆိုဖာတွင် အမျိုးသားတစ်ဦးက ပေါ့ပေါ့ပါးပါးကျောမှီလျက်က လက်ထဲတွင် ဝိုင်ခွက်တစ်ခွက်ကို ကိုင်ထားသည်။
ထိုလူက ရုတ်တရတ် တစ်စုံတစ်ရာ သတိထားမိသွားကာ တံခါးပေါက်ဝသို့ လှမ်းကြည့်လိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...