((Zawgyi))
အပိုင်း (၂၉)
ယာဉ်တိုက်မှု👾👾👾
ဟယ့်ရန်က လောင်းကစားဝိုင်းတွင် အကြိမ်အနည်းငယ် စိတ်ကြိုက်ကစားပြီးနောက် ထပ်မကစားတော့ပေ။
ချီရိက မျက်လုံးများကိုမှေးကာ ထိုင်ခုံပေါ်ကျောမှီလိုက်ရင်း ပျင်းရိပျင်းတွဲဖြင့် ပြောလိုက်သည်။
"ဟယ့်ရှောင် မကစားတော့ဘူးလား?"
"အင်း"
ဟယ့်ရန်က ထလိုက်ကာ:
"ငါ ရှိုးကျူကို အရင်သွားကြည့်လိုက်ဦးမယ်"
ဟယ့်ရန် ဆိုဖာနားသို့ ပြန်ရောက်လာသည့်အခါ ရှန်ရှိုးကျူက ထောင့်နားတွင် တစ်ယောက်တည်းထိုင်နေဆဲဖြစ်ပြီး အေးအေးလူလူ ကိတ်မုန့်စားနေတာ တွေ့ရသည်။
ချီရိနှင့် အခြားသူများကတော့ ဖဲကစားရင်း ဆေးလိပ်သောက်နေကြသည်။ ဟယ်ရန့်က အခန်းထဲတွင် ဆေးလိပ်နံ့များကို ရှုရှိုက်မိသည့်အခါ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ရှန်ရှိုးကျူဆီသို့သွားကာ ပြောလိုက်သည်။
"မင်း အနောက်မှာ အရင်သွားနားမလား?"
ရှန်ရှိုးကျူက ခေါင်းမော့ပြီး နွေးထွေးစွာ ပြုံးကာ ပြောလိုက်သည်။
"ရပါတယ်"
"သွားနားတော့"
ဟယ့်ရန်၏ သဘောထားက အနည်းငယ် တင်းမာလာသည်။
ရှန်ရှိုးကျူက ရွေးစရာမရှိသည့်အဆုံး နေရာမှထလိုက်သည်။ ထိုအခါ ဟယ့်ရန်က သူ့ကို အနောက်ဘက်ရှိ နားနေခန်းထဲသို့ လိုက်ပို့ပေးလိုက်သည်။
ဟယ့်ရန်က ရှန်ရှိုးကျူကို နေရာချပေးပြီးနောက် လောင်းကစားခန်းထဲသို့ ပြန်ဝင်လာသည်။
သူ၏လက်ကိုင်ဖုန်းက ဆိုဖာပေါ်မှာပင် ရှိနေဆဲဖြစ်သည်။ ဟယ့်ရန်က သူ့လက်ကိုင်ဖုန်းကို မြင်တော့ အနားသို့သွားကာ ကောက်ယူလိုက်ပြီး ဖုန်း screen lock ကို ဖွင့်လိုက်သည်။
ဖုန်း screen ပေါ်၌ မဖတ်ရသေးသည့် မက်ဆေ့ခ်ျများစွာ ရှိနေသည်။ ဟယ့်ရန်က မက်ဆေ့ခ်ျစာရင်းကိုဖွင့်ကာ ဟိုဟိုဒီဒီ လှန်ကြည့်လိုက်သည်။ ထို့နောက် အားလုံးက အရေးမကြီးသည့် အသေးအမွှား မက်ဆေ့ခ်ျများဖြစ်နေသဖြင့် သူ ထပ်ပြီး မကြည့်ဖြစ်တော့ပေ။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Roman d'amourအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...