အပိုင်း (၅၄)

11.6K 1.7K 89
                                    

((Zawgyi))

အပိုင်း (၅၄)
ယာယီမျက်စိကွယ်ခြင်း

👾👾👾

"ရန့်ရန့်........ ရန့်ရန့်........"

ဟယ့်ရန်က ခေါင်းငုံ့ကာ ထပ်တလဲလဲ အော်ခေါ်နေသည်။

သို့သော် သူ့ရင်ခွင်ထဲက လူငယ်လေးက မည်သည့်တုန့်ပြန်မှုမှမရှိပေ။ သူ့ခန္ဓာကိုယ်က အေးခဲတမျှ အေးစက်တောင့်တင်းနေကာ ရင်ဘတ်မှာလည်း သွေးအပြည့်ဖြစ်နေသည်။

မျက်စိကျိန်းလောက်စရာ အနီရောင်ရဲရဲက ဆီးနှင်းပြင်ထက်သို့ တစ်စက်စက်ကျဆင်းသွားကာ အဖြူရောင်ဆီးနှင်းပွင့်များကို အနည်းငယ် အနီရောင်ဆိုးလိုက်ကြသည်။

ဟယ့်ရန်သည် လူငယ်လေး၏ ခန္ဓာကိုယ်ရှေ့မှ စီးကျ​နေသည့် သွေးသံရဲရဲကိုကြည့်ကာ စိတ်ထဲမှာ လုံးဝဗလာကျင်းသွားသည်။

အနီးနားရှိ ရိုက်ကူးရေးဝန်ထမ်းများကလည်း အမြန်ပြေးလာကာ ကမန်းကတန်းပြောကြသည်။

"ဘာဖြစ်တာလဲ ဘာဖြစ်တာလဲ!"

"ကျိုးကော မေ့လဲသွားပုံပဲ!"

"ထိခိုက်သွားသေးလား!"

ဝန်ထမ်းတစ်ယောက်က လက်ကိုဆန့်ကာ ချင်ကျိုး၏ဝတ်ရုံထဲက သွေးအိတ်ကို ဆွဲထုတ်ဖို့ လုပ်သည်။

သို့သော် ဟယ့်ရန်က သူ့ရင်ခွင်ထဲကလူကို တင်းကြပ်စွာ ပွေ့ဖက်ကာကွယ်ထားကာ တခြားသူများကို ထိခွင့်မပြုပေ။

ဟယ့်ရန်သည် မျက်လုံးများနီရဲကာ ဘေးနားမှ အသံများကို မကြားနိုင်တော့ဘဲ လောကကြီးတစ်ခုလုံးတွင် ရင်ခွင်ထဲက လူငယ်လေးတစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။

ရင်ခွင်ထဲကလူသည် ရေခဲတမျှ အေးစက်နေသလို၊ ခန္ဓာကိုယ်မှာလည်း သွေးတွေနဲ့ ပြည့်နှက်နေရာ --

အဲ့ဒါက လူသေအလောင်းတစ်ခုလိုပဲ။

နောက်ပြီး သူအရင်မက်ခဲ့ဖူးတဲ့ အိပ်မက်တွေနဲ့ တစ်ပုံစံတည်းပဲ။

အိပ်မက်ထဲမှာ လူငယ်လေးသည် သူ၏ရင်ခွင်ထဲတွင် တစ်ခေါက်ပြီးတစ်ခေါက် အခါခါ သေဆုံးသွားခဲ့သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now