အပိုင်း (၅၆)

10K 1.4K 34
                                    

((Zawgyi))

အပိုင်း (၅၆)
အရက်သောက်ချင်လား?

👾👾👾

သို့သော် သီချင်းအသစ်မထွက်ခင် ချင်ကျိုးသည် ဆေးရုံမှ အဘွား၏ရောဂါအခြေအနေ ပိုဆိုးလာကြောင်း ဖုန်းလက်ခံရရှိခဲ့သည်။

ချင်ကျိုး ဆေးရုံသို့ အပြေးလာကာ ဆရာဝန်နှင့် ချက်ချင်း တွေ့လိုက်သည်။

ဆရာဝန်: "လူနာအခြေအနေက ပိုဆိုးလာပြီ၊ တတ်နိုင်သမျှ အမြန်ဆုံး ခွဲစိတ်ကုသဖို့လိုတယ်"

ချင်းကျိုးက ဆရာဝန်ရဲ့ စကားတွေကို နားထောင်ပြီး မျက်လွှာချကာ စကားမပြောတော့ပေ။

ခွဲစိတ်ကုသမှုစရိတ်နှင့် နောက်ဆက်တွဲဆေးကုသစရိတ်များ ပေါင်းလိုက်လျှင် အနည်းဆုံး သိန်းပေါင်းများစွာ ကုန်ကျမှာဖြစ်သည်။

ဒါပေမယ့် သူ့မှာ ပိုက်ဆံ အဲ့လောက်များများမရှိဘူး။

ချင်ကျိုးသည် ဆေးရုံအပြင်ဘက်သို့ တစ်ယောက်တည်းထွက်လာကာ နားနေထိုင်ခုံမှာ ထိုင်လိုက်သည်။ ထို့နောက် သူက လက်ကိုင်ဖုန်းကိုထုတ်ပြီး အေးဂျင့်ဆီ ဖုန်းခေါ်လိုက်သည်။

ချင်ကျိုးက မေးသည်။

"ကျန့်ကော၊ ခုတလော လုပ်စရာတစ်ခုခုများရှိလား?"

"ငါ မင်းကို အလုပ်အစီအစဉ်ဇယားတွေအားလုံး ပေးပြီးပြီမဟုတ်လား?"

ကျန့်ကော၏လေသံက အလွန်ပေါ့ပါး​နေသည်။

ချင်ကျိုးသည် မျက်ခုံးနှစ်ခုကြားကို နှိပ်နယ်လိုက်သည်။

အေးဂျင့်က သူ့ကို တကယ်ပင် အလုပ်အစီအစဉ်ဇယားကို ပေးပို့ခဲ့သည်။ သို့သော် သူမှာ လတ်တ​လော လုပ်စရာအလုပ်မရှိပေ။ အနီးဆုံး ကြော်ငြာသရုပ်ဆောင်က နောက်သုံးလနေမှဖြစ်သည်။

"ကျန့်ကော၊ ကျွန်တော် အခု အလုပ်အားနေတယ်၊ နောက်ထပ် သုံးလလောက်စောင့်ရဦးမှာ"

ချင်ကျိုးက မျက်မှောင်ကြုတ်လိုက်ကာ:

"ကျန့်ကော၊ ကျွန်တော် လတ်တလောအလုပ်တွေ လက်ခံလို့ရမလား? ကျွန်တော် ဘာအလုပ်ဖြစ်ဖြစ် လက်ခံလို့ရပါတယ်"

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now