အပိုင်း (၇၉)

13.1K 2K 336
                                    

((Zawgyi))

အပိုင်း (၇၉)
လွန်ခဲ့သောဆယ်နှစ်ကျော်က အသက်ကယ်ခဲ့သည့်ကျေးဇူး

👾👾👾

ချင်ကျိုးသည် အဝတ်ဗီရိုထဲမှ မီးခိုရောင်အပေါ်ကုတ်အင်္ကျီကိုထုတ်ယူကာ ဝတ်လိုက်သည်။

"ခင်ဗျား ကျွန်တော့်အတွက်ဝယ်ပေးတဲ့ အဝတ်အစားတွေအားလုံးက ရှန်ရှိုးကျူကိုယ်ပေါ်ကဟာတွေနဲ့ တစ်ပုံစံတည်းပဲ"

အဝတ်ဗီရိုထဲရှိ ဒီအဝတ်အစားအားလုံးက တူညီသည့် brand တစ်ခုတည်းမှဖြစ်ပြီး ရှန်ရှိုးကျူကလည်း ဒီ brand ကို နှစ်သက်သည်။

ချင်ကျိုးက ကိုယ်လုံးပေါ်မှန်ကို မျက်နှာမူကာ အပေါ်ကုတ်အင်္ကျီကို သပ်ရပ်အောင်လုပ်လိုက်ရင်း ဘေးနားရှိဗီဒိုထဲတွင် ထည့်ထားသော ရေမွှေးပုလင်းများစွာကို သတိထားမိသွားပြန်သည်။

"ခင်ဗျားက အခေါက်တိုင်း ဒီလောက်ရေမွှေးတွေအများကြီး ဝယ်တယ်၊ ဒါပေမယ့် ကျွန်တော်က ရေမွှေးမသုံးဘူး၊ ရေမွှေးကြိုက်တဲ့သူက ရှန်ရှိုးကျူ"

"ပြီးတော့ မျက်မှန်"

ချင်ကျိုးက အံဆွဲထဲမှ ကိုင်းပါးပါးမျက်မှန်တစ်လက်ကို ထုတ်တပ်လိုက်ပြီး:

"ကျွန်တော်က အဝေးမမှုန်ဘူး၊ မျက်မှန်တပ်တဲ့လူကလည်း ရှန်ရှိုးကျူပဲ"

"အိပ်ရာပေါ်တက်တဲ့အခါ ခင်ဗျားက ကျွန်တော်မျက်လုံးတွေကို ဖုံးထားရတာကြိုက်တယ်"

ချင်ကျိုးက အဝတ်ဘီရိုဘေးကို မှီလိုက်ရင်း မျက်မှန်ကိုပင့်တင်၍ တိုးညှင်းစွာ ပြောလိုက်သည်။

"အဲ့ဒါက ကျွန်တော်မျက်လုံးတွေက သူနဲ့မတူလို့၊ ဒါကြောင့် ခင်ဗျားက သူပုံစံနဲ့တူအောင် ကျွန်တော့်ကို ဝတ်စားစေချင်တာလား?"

ချင်ကျိုးက ရယ်မောလာကာ မေးသည်။

"ဒါဆို အခုရော? ကျွန်တော် သူနဲ့ တူရဲ့လား?"

သူက အခုအချိန်တွင် ရှန်ရှိုးကျူနှင့်ဆင်တူ အပေါ်ကုတ်အင်္ကျီကို ဝတ်ဆင်ထားကာ မျက်မှန်တပ်ထားသည်။

ဟယ့်ရန်သည် သူ့မျက်စိရှေ့က လူငယ်လေးကိုကြည့်ကာ ရှေ့သို့ ဖြည်းညင်းစွာ တိုးကပ်လာသည်။ သူ့လက်ချောင်းထိပ်များက လူငယ်လေး၏မျက်နှာကို ထိကပ်ကာ ဖွဖွညင်သာစွာ ပွတ်သပ်ရင်း တိုးညှင်းစွာ ပြောလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now