((Zawgyi))
အပိုင်း (၃၁)
အိပ်ပျက်ည👾👾👾
ရွှီချန်ရန့်ဆုံးပြီး ခုနစ်ရက်မြောက်နေ့တွင် ကျန်းလင်သည် အုတ်ဂူရှိရာလိပ်စာကို ဟယ့်ရန်အား ပေးခဲ့သည်။
ဟယ့်ရန်က မက်ဆေ့ခ်ျကို လက်ခံရရှိပြီးနောက် စာလည်းမပြန်သလို၊ အုတ်ဂူဆီလည်းမသွားခဲ့ပေ။ အဲ့ဒီအစား သူက ချီရိ၏ ဗီလာဆီသို့ သွားခဲ့သည်။
ချီရိက မော်ဒယ်လေးများကို ခေါ်ထားပြီး လူငယ်အမျိုးသား၊ အမျိုးသမီးတစ်စုက အတူတူစုရုံးနေကြကာ စိတ်လှုပ်ရှားပျော်ရွှင်သံများနှင့် အဆက်မပြတ် ဆူညံစည်ကားနေသည်။
ဟယ့်ရန်က ဗီလာထဲသို့ လှမ်းဝင်လိုက်သည်နှင့် အခြားလူများက သူ့အနားသို့ ဝိုင်းအုံလာကြသည်။
"ဟယ့်ရှောင် နောက်ဆုံးတော့ ရောက်လာပြီ!"
"အားလုံးက စောင့်နေတာ ကြာလှပြီ! ဟယ့်ရှောင်ပဲ ကျန်တော့တာ!"
လူငယ်တစ်စုက တစ်ယောက်ပြီးတစ်ယောက် ဝိုင်းလာကာ ဟယ့်ရန်နှင့် စကားတွေပြောကြသည်။
သို့သော် ဟယ့်ရန်၏ မျက်နှာထားကတော့ အနည်းငယ် အေးစက်နေသည်။ သူက ထိုလူအုပ်ကို ဖြတ်ကျော်လာကာ သူ့ပတ်ဝန်းကျင်ကလူများကို နည်းနည်းမှ ဂရုမစိုက်ပေ။
ဟယ့်ရန်က ဒုတိယထပ်သို့ တက်လာကာ ဝိုင်ခွက်ကို ယူလိုက်သည်။ ပြီးနောက် သူက လှေကားလက်ရန်းကိုမှီကာ ပထမထပ် ခန်းမထဲမှ စိတ်လှုပ်ရှားစည်ကားနေသည်များကို ကြည့်လိုက်သည်။
လူတချို့က ရယ်ကာမောကာ ပြောကြဆိုကြရင်း လှေကားပေါ်မှဆင်းလာသည်။ သူတို့က ဒုတိယထပ်ရှိ ဟယ့်ရန်ကိုမြင်တော့ နှုတ်ဆက်စကားဆိုလိုက်သည်။
"ဟယ့်ရှောင်လည်း ရောက်နေပြီပဲ! အပေါ်တက်ပြီး မကစားဘူးလား? ချီရိက လောင်းကစားဝိုင်းတစ်ခု စီစဉ်ထားတယ်!"
ဟယ့်ရန်က ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။
"မသွားတော့ဘူး"
ထိုလူများက သူ့အနားသို့ လျှောက်လာပြီး သူတို့ထဲမှ တစ်ယောက်က စပ်စပ်စုစုဖြင့် ဘေးဘီဝဲယာကို ကြည့်ကာ မေးလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...