((Zawgyi))
အပိုင်း (၈၈)
သူက ချီချီပဲ👾👾👾
ကုတင်ဘေးကထိုလူက ပြန်မဖြေဘဲ ကိုယ်ကိုအနည်းငယ်ကိုင်းကာ လေသံတိုးတိုးနှင့် ပြောသည်။
"ဆေးသောက်"
"ကျွန်တော် သောက်ပြီးပြီ......."
ချင်ကျိုးက အနည်းငယ် ကလန်ကဆန်လုပ်ကာ ဆေးမသောက်ချင်ဘဲ ခြုံစောင်ထဲ ပြန်ကွေးနေသည်။
သူ့ခေါင်းက တစ်ချိန်လုံးထိုးကိုက်နေသဖြင့် ချင်ကျိုး အတော်လေး မသက်မသာခံစားနေရသည်။ သူက ခြုံစောင်ထဲ ခေါင်းနှစ်ပြီး မျက်လုံးများမှိတ်ကာ ပြန်အိပ်ဖို့ပြင်သည်။
ဟယ့်ရန်က ထွက်မသွားဘဲ လက်ချောင်းထိပ်များကိုဆန့်ကာ ခြုံစောင်ကိုအနည်းငယ် ဆွဲချလိုက်သည်။ ထို့နောက် သူက ချင်ကျိုးမျက်နှာကို လက်ချောင်းထိပ်များနှင့် ထိကပ်ကာ ပွတ်သပ်လိုက်သည်။
"ရန့်ရန့်"
ဟယ့်ရန်က မျက်မှောင်ကြုတ်ကာ လေသံအနည်းငယ်မြှင့်၍ ပြောသည်။
"ဆေးသောက်"
ချင်ကျိုးသည် ပွတ်သပ်ခံရသဖြင့် အနည်းငယ် ယားကျိကျိဖြစ်လာကာ:
"ခင်ဗျား ကျွန်တော့်ကို မပွတ်နဲ့"
ချင်ကျိုးက ဒါ အိပ်မက်လား တကယ်လားဆိုတာစဉ်းစားဖို့ အင်အားမရှိဘဲ ခေါင်းအစခြေအဆုံး အလွန်မသက်မသာဖြစ်နေသည်။
ဟယ့်ရန်က ကုတင်ဘေးတွင်ရှိနေသေးကာ ထပ်မေးသည်။
"ဒါဆို မင်းတစ်ခုခုစားချင်လား?"
"မစားဘူး"
ချင်ကျိုးက ခေါင်းခါပြကာ ဗလုံးဗထွေး ပြောသည်။
"ခင်ဗျား အပြင်ထွက်"
ချင်ကျိုးအသံက အနည်းငယ် ကွဲအက်နေသည်။
ဟယ့်ရန်က ကုတင်ပေါ်က လူငယ်လေးကို တစ်ချက်ကြည့်ပြီး နောက်ဆုံးမှာ ထထွက်သွားသည်။
ချင်ကျိုးက ခြေသံများကိုနားထောင်ကာ ဟယ့်ရန်ထွက်သွားပြီဟု တွေးလိုက်သည်။
သို့သော် သိပ်မကြာခင် ဟယ့်ရန် ပြန်ရောက်လာသည်။
ဟယ့်ရန်က ရေနွေးငှဲ့လိုက်ကာ:
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...