အပိုင်း (၁၄)

8.4K 1.1K 53
                                    

((Zawgyi))

အပိုင်း (၁၄)
လွန်ခဲ့သော ဆယ်နှစ်

👾👾👾

ရွှီချန်ရန့်သည် ထိုအမေးကိုကြားတော့ ယဉ်ယဉ်ကျေးကျေး ပြုံးကာ ခပ်တိုးတိုးပြောလိုက်သည်။

"အရက်ဘားထဲ​မှာ ဆေးလိပ်နံ့က အရမ်းပြင်းတယ်"

ချီရိက ထိုင်ခုံနောက်ကို ပေါ့ပေါ့ပါးပါး မှီလိုက်ကာ ပြောသည်။

"အမှန်ပဲ၊ ရှိုးကျူက ကျန်းမာရေးကောင်းသေးတာမဟုတ်ဘူး။ အရက်ဘားသွားလို့ မဖြစ်ဘူး"

သို့သော် ရှန်ရှိုးကျူက ညင်သာစွာ ပြုံးပြီး ပြောလာသည်။

"ရပါတယ်။ ခုတလော ဆရာဝန်က ငါ့ကျန်းမာရေးအခြေအနေ နည်းနည်း တိုးတက်လာတယ်လို့ ပြောထားတယ်။ အရက်ဘားသွားတာလောက်က ဘာမှမဖြစ်ပါဘူး"

ထိုအခါ သီးသန့်ခန်းထဲရှိ လူတစ်ယောက်က ချက်ချင်း ကန့်ကွက်လိုက်သည်။

"အဲ့လိုဆိုရင်တောင် သွားလို့မဖြစ်ဘူး။ ငါတို့က အရက်မသောက်ရလို့ ဘာမှမဖြစ်ပေမယ့် တကယ်လို့ မင်းသာ တစ်ခုခုဖြစ်သွားရင် မလွယ်ဘူး"

"ဟုတ်ပါ့၊ ဟုတ်ပါ့! ငါတို့ Tea house မှာ ဆုံကြလည်း အတူတူပါပဲ!"

ရွှီချန်ရန့်သည် လက်ဖက်ရည်ခွက်လေး ကိုင်လျက် ဘေးပတ်ဝန်းကျင်မှ စကားသံများကို နားစွင့်ရင်း ရုတ်တရတ် သူ့ကိုယ်သူ လူပိုတစ်ယောက်လို ခံစားလာရသည်။

သူ လူကြီးမင်းနှင့် ငါးနှစ်တာ အတူရှိခဲ့သည်။ သို့သော် ထိုငါးနှစ်တာအတွင်း သူသည် လူကြီးမင်းအနားက သူငယ်ချင်းများကို သူ့အပေါ် လက်ခံကြည်ဖြူလာအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

အချိန်တိုင်း၌ ထိုလူများသည် သူ့ကို ဖယ်ကျဉ်ထားကြသလို၊ မထိတထိဖြင့် ပျက်ရယ်ပြုလှောင်ပြောင်ကြသည်ကို သူ ခံစားမိသည်။

သူလည်းပဲ ကြိုးစားခဲ့ပါသည်။ သို့သော် သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား၊ သူ့ကို မုန်းနေသူများက အမြဲတမ်း မုန်းနေဦးမှာပဲဆိုတာ သူ သိလာရသည်။

သူ့မှာ မိသားစု ကျောထောက်နောက်ခံကောင်းလည်း မရှိသလို၊ တစ်ခါတစ်ရံ ထိုဒုတိယမျိုးဆက်သခင်လေးများ ပြောဆိုဆွေးနွေးသည့် အကြောင်းအရာများကိုလည်း နားမလည်နိုင်သည့်အတွက် အရာမဝင်ပါချေ။ ထို့ကြောင့် သူသည် တိတ်ဆိတ်ငြိသက်စွာဖြင့် လူကြီးမင်း၏ ဘေးနားတွင် ဆွံဆွံ့အအ အလှပန်းအိုးလေးတစ်လုံးလို ​နေနေရုံသာတတ်နိုင်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now