အပိုင်း (၄၄)

13.6K 1.8K 176
                                    

((Zawgyi))

အပိုင်း (၄၄)
လူမမှားဘူး

👾👾👾

ချင်ကျိုးက ထပ်တွန့်ဆုတ်မနေဘဲ တစ်ခါတည်း လှည့်ထွက်လာခဲ့သည်။

စူးထန်က ချင်ကျိုး၏ ဘေးမှလိုက်လာကာ ထိုအမျိုးသားရှိရာသို့ မနေနိုင်ဘဲ ခေါင်းလှည့်ကြည့်လိုက်သည်။

အမျိုးသား၏သွင်ပြင်က အနည်းငယ် အကျပ်ရိုက်နေပုံပေါ်သည်။ ကိုယ်ပေါ်မှာ ဝတ်ထားသည့် ပွဲတက်ဝတ်စုံက ဝိုင်နီများစွန်းပေနေကာ မျက်ဝန်းအစုံကလည်း နီမြန်း​နေပြီး ဘေးနားရှိလူနှစ်ဦးက သူ့ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ပိတ်ဆို့ထားသည်။

စူးထန်က အကြည့်များကို ပြန်ရုတ်လိုက်ကာ ထိုလူကို ထပ်ပြီး အာရုံမစိုက်တော့ပေ။

ကျန်းလင်ကလည်း ဟယ့်ရန်ကို အပေါ်ထပ်ရှိ ဧည့်သည်နားနေခန်းသို့ အမြန်ခေါ်သွားလိုက်သည်။ အဲ့ဒီနောက် သူက ယွမ်လျဲ့ကိုရှာကာ ဟယ့်ရန်အတွက် ပွဲတက်ဝတ်စုံအပို ယူလာပေးဖို့ အကူအညီတောင်းလိုက်သည်။

ဒါမတိုင်ခင်က ယွမ်လျဲ့သည် စားသောက်ပွဲခန်းမထဲ၌ ဧည့်သည်များကို ကြိုဆိုဧည့်ခံနေရသဖြင့် ပန်းခြံထဲတွင် ရုပ်ပျက်ဆင်းပျက်ဖြစ်သွားတာကို မသိလိုက်ပေ။ သူက ဧည့်သည်နားနေခန်းထဲသို့ ရောက်လာသည့်အချိန်ကျမှ ဟယ့်ရန်၏ စိတ်အခြေအနေက အနည်းငယ် ပုံမှန်မဟုတ်တာကို တွေ့သွားသည်။

ဟယ့်ရန်သည် ခေါင်းငုံ့ကာ စကားတစ်ခွန်းမှမဆိုဘဲ နှုတ်ဆိတ်နေသည်။ သူ့တစ်ကိုယ်လုံးမှ စိတ်ဓာတ်ကျ​သည့် အငွေ့အသက်များ ထွက်ပေါ်နေသည်။ သူ့ရှပ်အကျီအဖြူ အရှေ့ဘက်၌ ဝိုင်နီများစွန်း​ပေနေပြီး အနောက်တိုင်းအပေါ်ကုတ်အကျီကတော့ ကြေမွနေကာ နံဘေးမှာ ဘောလုံးတစ်လုံးလို လုံးချေလွှင့်ပစ်ထားသည်။

ယွမ်လျဲ့က အနားသို့လျှောက်သွားကာ မေးလိုက်သည်။

"ဘယ်လိုဖြစ်တာလဲ?"

"သူ အရက်မူး​နေတာ"

ကျန်းလင်က အနည်းငယ် ဒေါသထွက်နေသည်။

"အရက်မူးပြီးတော့ လူတောင်မှားခေါ်လိုက်သေးတယ်၊ တခြားလူတစ်ယောက်ကို အတင်းပြေးဖက်ပြီး မလွှတ်တော့ဘူး -- "

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now