အပိုင်း (၆၆)

11.5K 1.8K 400
                                    

((Zawgyi))

အပိုင်း (၆၆)
သူ မင်းကိုထိဖူးလား?

👾👾👾

ဟယ့်ရန်က သူ့ခန္ဓာကိုယ်အောက်မှ လူငယ်လေးကိုကြည့်ကာ သူ့မျက်ဝန်းထဲမှ စိတ်ခံစားချက်တွေက ချုပ်ထိန်းမထားနိုင်လောက်အောင်ဖြစ်လာသည်။

လူငယ်လေးသည် သူ့ရင်ခွင်ထဲ၌ရှိနေပြီး သူနဲ့ အတွင်းကျကျ အရင်းနှီးဆုံးကိစ္စတွေကို လုပ်​​နေသည်မှာ အထင်အရှား​ပင်။ --

သို့သော် လူငယ်လေးက သူ့နားထဲမှာ တခြားယောကျာ်းတစ်ယောက်ရဲ့နာမည်ကို အော်ခေါ်နေသည်။

"အဲ့ဒီလူက၊ ဘယ်သူလဲ?"

ဟယ့်ရန်က အတင်းမေးလိုက်သည်။

ချင်ကျိုးသည် အမျိုးသား၏ပုခုံးသားများတလျှောက် လက်ကိုဆန့်တန်းလိုက်သည်။ ထို့နောက် လက်နှစ်ဖက်ဖြင့် အမျိုးသား၏ လည်တိုင်ကိုပွေ့ဖက်ကာ ရယ်မောလိုက်ရင်းက:

"ဥက္ကဋ္ဌဟယ့်၊ ခင်ဗျား နားကြားမှားနေပြီ"

"ကိုယ် နားကြားမမှားဘူး"

ဟယ့်ရန်က မျက်မှောင်ကြုတ်လိုက်ကာ:

"မင်း ခုနက တခြားတစ်ယောက်ရဲ့ နာမည်ကို ခေါ်လိုက်တယ်"

ချင်ကျိုးက စကားကိုမဆက်ဘဲ ခေါင်းငုံ့၍သာ အသာရယ်မောလိုက်သည်။

အိပ်ရာပေါ်တွင် အလင်းရောင်က အလွန်မှုန်ဝါးမှိန်ပျနေသည်။ ဟယ့်ရန်သည် လူငယ်လေး၏မေးစေ့ကို တင်းတင်းညှစ်ထားကာ ဆက်ပြီး မရမကမေး​လိုက်သည်။

"သူက ဘယ်သူလဲ?"

"အရမ်းအရေးကြီး​နေလား?"

ချင်ကျိုးက အနည်းငယ် ပေါ့တန်ကာ အလေးအနက်မထားပေ။

ဟယ့်ရန်သည် လူငယ်လေး၏ အဲ့ဒီအဖြေကြောင့် ဒေါသပုံထသွားပုံရသည်။ သူက ကိုယ်ကိုကိုင်းကာ နှုတ်ခမ်းသားများကို အနည်းငယ် ကြမ်းတမ်းစွာ ငုံခဲပြီး ကိုက်လိုက်သည်။

ချင်ကျိုးက 'ဟွန့်'ခနဲ ညီးတွားလိုက်ကာ နှုတ်ခမ်းတစ်စုံကို တင်းတင်းစေ့ပြီး အရင်လို နမ်းရှိုက်ဖို့ကို အလွန်ဆန့်ကျင်နေဆဲပင်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now