အပိုင်း (၁၂၀)

4.5K 697 36
                                    

((Zawgyi))

အပိုင်း (၁၂၀)
ကြေးမုံမှန်ကွဲ (၇) - အိပ်ပျော်အောင်
ချော့သိပ်မယ်

👾👾👾

ဟယ့်ရန်က ရယ်ချင်စိတ်ကိုထိန်းပြီး ကိုယ်ကိုအနည်းငယ် ကိုင်းကာပြောလိုက်သည်။

"ကိုယ် ချော့သိပ်ရမလား?"

ရွှီချန်ရန့်က နည်းနည်းမပျော်မရွှင်ဖြစ်သွားကာ ခြုံစောင်ထဲ နောက်တစ်ခါ ပြန်ပုဝင်သွားသည်။

"အထဲမှာ မွန်းအောင်လုပ်မ​နေနဲ့"

ဟယ့်ရန်က စောင်ကို ပြန်ဆွဲချသည်။

ရွှီချန်ရန့်က စကားတစ်ခွန်းမှပြန်မပြောဘဲ မျက်လုံးနှစ်လုံးဖွင့်လျက်သား ကုတင်ဘေးက လူကို စိုက်ကြည့်နေသည်။

ဟယ့်ရန်က စောင်ကို လူငယ်လေး ကိုယ်ပေါ် သေချာပြန်ခြုံပေးပြီး ထပ်မေးသည်။

"ကလေး ဒီနေ့ ထမင်းမစားဘူးမလား?"

ရွှီချန်ရန့်က အကြည့်လွှဲလိုက်ကာ စိတ်ထဲရှိတဲ့အတိုင်း ပြောသည်။

"စားချင်စိတ်မရှိဘူး"

ဟယ့်ရန်က အဲဒါကိုကြားတော့ နည်းနည်းမျက်မှောက်ကြုတ်သွားသည်။ ဒါပေမယ့် သူက နောက်ဆုံးမှာ ပြောသည်။

"အရင် နားလိုက်ဦး"

ရွှီချန်ရန့်က အသံပြုလိုက်ပြီး ကိုယ်ကိုလှည့်ကာ ဟယ့်ရန်ကို ကျောပေးလိုက်သည်။ သူက စောင်ကိုတင်းတင်းခြုံကာ မျက်လုံးများမှိတ်ပြီး အနားယူလိုက်သည်။

ဟယ့်ရန်ကတော့ သူ့ဘေးမှာနေပြီး အိပ်ရာပေါ်က လူငယ်လေးကို တိတ်တဆိတ် စောင့်ကြည့်နေသည်။ ဟယ့်ရန်က ဘောလုံးလေးတစ်လုံးလို ကွေးကွေးလေးအိပ်နေတဲ့ လူငယ်လေးကိုကြည့်ကာ ချမ်းနေပုံပဲလို့ တွေးလိုက်သည်။

ဒါနဲ့ သူက ထိုင်ရာမှထပြီး ဝတ်ထားတဲ့အပေါ်ကုတ်အင်္ကျီကို ချွတ်လိုက်သည်။

ရွှီချန်ရန့်က ဟယ့်ရန်ဆီကနေ ရွှီးရွှီရွမ်းရွမ်း လှုပ်ရှားသံတွေ ထွက်လာတာကို သတိထားမိပြီး မျက်လုံးဖွင့်လိုက်တော့ သူ့စောင်ပေါ်မှာ ကုတ်အင်္ကျီတစ်ထည် ထပ်တိုးလာတာ တွေ့ရသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now