အပိုင်း (၁၀၂)

10.8K 1.7K 168
                                    

((Zawgyi))

အပိုင်း (၁၀၂)
မချစ်ချင်ဘူး

👾👾👾

တာဝန်ခံဒါရိုက်တာ: "ချစ်ခွင့်ပန်လက်စွပ်စီးရီးအပြင် ကျွန်မတို့က လူကြီးမင်းကို ကျွန်မတို့ရဲ့ ပြောရေးဆိုခွင့်ရ brand ambassador အဖြစ် ကမ်းလှမ်းပါရစေ"

ချင်ကျိုး ​ခဏ မှင်သက်သွားသည်။

ပြောရေးဆိုခွင့်ရှိသူနေရာကလည်း အဆင့်သတ်မှတ်ချက်များစွာ ခွဲခြားထားသည်ဖြစ်ရာ ယခု KLက သူ့ကို brand ambassador အဖြစ် တောင်းဆိုနေခြင်းက စွဲဆောင်မှုအား အလွန်ကြီးမားလှသည်။

"တောင်းပန်ပါတယ်"

ချင်ကျိုးက အလွန်ရှုပ်ထွေးနေဆဲက:

"ကျွန်တော် ထပ်စဉ်းစားပါဦးမယ်......"

"ကောင်းပါပြီ၊ ကျွန်မတို့လည်း လူကြီးမင်းနဲ့ အတူလက်တွဲဖို့ အရမ်းမျှော်လင့်ပါတယ်"

သူတို့နှစ်ဦးသည် အပြန်အလှန် ဆက်သွယ်ရန်လိပ်စာများ​ဖလှယ်ပြီးနောက် ချင်ကျိုးလည်း နေရာမှထကာ အခန်းထဲက အရင်ထွက်ခဲ့သည်။

အေးဂျင့်က ကော်ရီတာတွင် စောင့်နေပြီး ချင်ကျိုးထွက်လာတာမြင်တော့ အနားရောက်လာကာ မေးသည်။

"ဘယ်လိုလဲ?"

ချင်ကျိုးက စကားမပြောပေ။

အေးဂျင့်ကလည်း ချင်ကျိုး၏ ဒီလိုပုံကိုမြင်တာနဲ့ မအောင်ဘူးဆိုတာ သိတာကြောင့် ချင်ကျိုးပုခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်သည်။

"ဘာမှမ​ဖြစ်ပါဘူး၊ အခုမှ အစပဲရှိသေးတာကို"

အေးဂျင့်က ချင်ကျိုးကို အရင်ပြန်ခေါ်လာသည်။

တိုက်ခန်းပြန်ရောက်တော့ ချင်ကျိုးက အံဆွဲထဲကနေ ထိုစေ့စပ်လက်စွပ်ကိုရှာထုတ်လိုက်သည်။

လက်စွပ်ဗူးက အမည်းရောင်သန့်သန့်ဖြစ်သည်။ ချင်ကျိုးသည် လက်စွပ်ဗူး၏ အောက်ခြေကိုလှန်လိုက်သည့်အခါ ဘယ်ဘက်အောက်ထောင့်တွင် ဒီဇိုင်နာချုပ်ဆရာကြီးချန်ထားသော လက်မှတ်ကို တွေ့ရသည်။

လက်စွပ်ဗူးကိုဖွင့်လိုက်တော့ စိန်လက်စွပ်ပေါ်က နီလာကျောက်က တလက်လက်တောက်ပနေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now