((Zawgyi))
အပိုင်း (၂၆)
ရှောင်ကျိုး👾👾👾
"အရမ်းကောင်းတယ်၊ ဒီနေ့ မြို့ထဲကိုလျှောက်လည်ဖြစ်တယ်။"
ရွှီချန်ရန့်က ပြုံးလိုက်သည်။
"ဒီဘက်မှာ ဘုရားကျောင်းတစ်ခုရှိတယ်။ မနက်ဖြန်ကျရင် သွားလည်မလို့်"
ရွှီချန်ရန့်က ထပ်ပြောလိုက်သည်။
"ဒါနဲ့၊ ငါ ဘယ်တော့ပြန်လာဖြစ်မယ်ဆိုတာ မသေချာဘူး။ အဲ့တော့ မနက်ဖြန်မနက်စောစောကျ မင်းဆီကို တံဆိပ်ခေါင်းတွေ ပို့ပေးရမလား?"
"ရတယ်ရတယ်၊ ကျွန်တော် မလောပါဘူး"
ကျန်းလင်က ချက်ချင်းပြောလိုက်သည်။
"တကယ်လို့ မရီးပြန်လာဖို့ အဆင်သင့်ဖြစ်ပြီဆို ကျွန်တော့်ကို ပြောနော်၊ ကျွန်တော် လာကြိုမယ်!"
"ကောင်းပြီ"
ဖုန်းချပြီးနောက် ရွှီချန်ရန့်သည် တံဆိပ်ခေါင်းများကို စားပွဲပေါ်တွင်တင်ထားလိုက်ပြီး အရင် အနားယူလိုက်သည်။
နောက်တစ်နေ့ မနက်ရောက်တော့ ရွှီချန်ရန့် အစောကြီး နိုးလာသည်။ သူက ချင်ကျိုးဆီ မက်ဆေ့ခ်ျပို့လိုက်ပြီးနောက် ဘုရားကျောင်းသို့သွားရန် ပြင်လိုက်သည်။
မသွားခင်မှာ ရွှီချန်ရန့်က အစာပြေစားစရာနှင့် သောက်ရေတို့ကို ပြင်ဆင်လိုက်ပြီး ကျောပိုးအိတ်ကိုယူကာ ထွက်လာခဲ့သည်။
သူတို့နှစ်ဦးသည် ဆိပ်ခံတံတားတွင် ဆုံကြသည်။ ရွှီချန်ရန့်ရောက်သည့်အချိန်၌ ချင်ကျိုးက ထိုနေရာတွင် စောင့်နှင့်နေသည်။
ချင်ကျိုးသည်လည်း ကျောပေါ်တွင် အိတ်တစ်အိတ်လွယ်ထားကာ ရွှီချန်ရန့်ကိုမြင်တော့ ချက်ချင်း လက်ဝှေ့ယမ်းပြသည်။
ရွှီချန်ရန့်က သူ့ဆီ သွားလိုက်ပြီးနောက် သူတို့နှစ်ဦးသား တောင်ခြေသို့ အတူ လမ်းလျှောက်သွားကြသည်။
"သူဋ္ဌေးလေး၊ ဒီဘက်မှာ ဖြတ်လမ်းရှိတယ်၊ အဲ့ဒီကနေ တောင်ခြေကို တန်းသွားလို့ရတယ်။"
ချင်ကျိုးက ရွှီချန်ရန့်ကို ဦးဆောင်ကာ ဖြတ်လမ်းမှတဆင့် အမျိုးမျိုးသော လမ်းကြိုလမ်းကြားများထဲမှ ဝင်လိုက်ထွက်လိုက်နှင့် ခေါ်ဆောင်သွားသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...