((Zawgyi))
အပိုင်း (၁၇)
ပင်လယ်စာဓာတ်မတည့်ခြင်း👾👾👾
နောက်တစ်နေ့မှာ ဟယ့်ရန်သည် ရှန်ရှိုးကျူကိုခေါ်ပြီး ကျန်းနန်ကမ်းရိုးတန်းရှိ အိမ်သို့သွားခဲ့သည်။
အဲ့ဒါက အိမ်အလွတ်တစ်ခုဖြစ်သော်လည်း ကောင်းမွန်စွာ ထိန်းသိမ်းထားသည်။ စာအုပ်စင်ပေါ်၌ ဘွန်ဇိုင်းအလှအိုးပင်လေးများအပြည့်ရှိနေပြီး ဝရံတာမှာတော့ ပန်းပင်ပေါင်းများစွာကို စိုက်ပျိုးထားသည်။ ဒါတင်မကသေး အိမ်ထဲက အခန်းတစ်ခန်းကိုလည်း ပန်းဥယျာဉ်လေးတစ်ခုအဖြစ် ပြောင်းလဲအလှဆင်ထားသေးသည်။
ရှန်ရှိုးကျူသည် ထိုပန်းဥယျာဉ်အခန်းရှိရာသို့ လာကာ အပြင်ဘက်မှန်မှ အထဲသို့ လှမ်းကြည့်လိုက်ပြီး:
"ဒီမှာ ပန်းဥယျာဉ်ခန်းလေးပါရှိတာပဲ။ ကြည့်လို့ကောင်းလိုက်တာ"
ဟယ့်ရန်က ထိုပန်းဥယျာဉ်ခန်းလေးကို ကြည့်ကာ ခပ်ပေါ့ပေါ့ပြောလိုက်သည်။
"ရွှီချန်ရန့် လုပ်ထားတာ"
"သူလုပ်ထားတာလား?"
ရှန်ရှိုးကျူက အနည်းငယ် အံ့အားသင့်သွားသည်။ ထို့်နောက် သူက ပြုံးလိုက်သည်။
"အဲ့ဒါလည်း ကောင်းတာပဲ"
သူက ရယ်လိုက်ပြီးနောက် အဝင်တံခါးဝဆီသို့ လျှောက်သွားကာ အခန်းတံခါးကိုဖွင့်ပြီး အထဲသို့ ဝင်လိုက်သည်။
ပန်းပင်များ၏ မွှေးရနံ့များက သူ့မျက်နှာသို့် လာရောက်ရိုက်ခတ်လာသည်။ ရှန်ရှိုးကျူက မွှေးရနံ့များကို ရှုရှိုက်လိုက်ပြီးနောက် ရုတ်တရတ် ခေါင်းငုံ့ကာ အပြင်းအထန်ချောင်းဆိုးတော့သည်။ သူက လက်တစ်ဖက်ဖြင့် တံခါးဘောင်ကို မှီကိုင်ထားရင်း ရင်ဘတ်ကို တင်းကြပ်စွာ ဆုပ်ကိုင်ထားသည်။
ရှန်ရှိုးကျူ၏ မျက်နှာကလည်း အနည်းငယ် နာကျင်ခံစားနေရပုံပေါ်ပြီး သူ့ ကြည့်ရတာ အသက်ရှုမဝသကဲ့သို့ပင်။
ဟယ့်ရန်က ချက်ချင်းပဲ လျင်မြန်စွာ လှုပ်ရှားလိုက်သည်။ သူက ရှန်ရှိုးကျူကို ချက်ချင်း ဖေးမတွဲကူကာ နံဘေးက ဆိုဖာပေါ်မှာ ထိုင်စေသည်။ ထို့နောက် သူက အလေ့အကျင့်ဖြစ်နေသကဲ့သို့ ရှန်ရှိုးကျူ၏ ကုတ်အကျီအိတ်ကပ်ထဲကနေ ဆေးဗူးတစ်ခုကို ထုတ်ယူလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Storie d'amoreအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...