((Zawgyi))
အပိုင်း (၆၇)
သူမင်းကိုနာကျင်အောင်လုပ်လား👾👾👾
ဟယ့်ရန်သည် ဖုန်းထဲမှ ပင့်သက်ရှိုက်မောဟိုက်သံများကို နားထောင်ရင်း နက်မှောင်သော မျက်ဝန်းအိမ်တစ်စုံက ချက်ချင်း အေးစက်သွားသည်။
အဲ့ဒီနောက် ဖုန်းထဲကနေ ပြတ်တောင်းပြတ်တောင်း စကားသံများ ထွက်ပေါ်လာသည်။ --
"ဖုန်းဖြေဖို့မလိုဘူးလား?"
"ဘယ်သူ့ဖုန်းလဲ?"
လူငယ်လေးသည် အသက်ကိုရှိုက်ရှူနေဆဲဖြစ်ကာ မခံစားနိုင်တော့ပုံပေါ်သည်။
"မင်း ငါ့ကိုကူဖြေပေး...."
"အရမ်းနာလား?"
ဖုန်း၏အခြားတစ်ဖက်မှ စကားပြောသံများက တစ်စတစ်စ ပိုမိုတိုးညင်းလာသည့်အပြင် အဝတ်စများပွတ်တိုက်သံနှင့်ဆင်တူသော တရွှီးရွှီးတရွှမ်းရွှမ်းအသံများပါ ထပ်မံထွက်ပေါ်လာသည်။
"နာတယ်...."
အဲ့ဒီနောက် ချက်ချင်းပင် ဖုန်းကျသွားတော့သည်။
ဟယ့်ရန်သည် လက်ကိုင်ဖုန်းကို ဆုပ်ကိုင်ရင်း မျက်နှာတစ်ခုလုံး သုန်မှုန်မှောင်မည်းနေသည်။ သူက နေရာမှထထွက်သွားဖို့ ပြင်လိုက်သည်။
သို့သော် ဟယ့်ရန် ဝေးဝေးမသွားရခင်မှာ လူနာခန်းဘက်မှ လှုပ်ရှားသံများ ရုတ်တရတ် ထွက်ပေါ်လာသည်။
ရှန်ရှိုးကျူက အပြင်သို့်ထွက်လာကာ အော်ခေါ်လိုက်သည်။
"ဟယ့်ရန်"
ဟယ့်ရန်က ခြေလှမ်းများရပ်သွားကာ ခေါင်းလှည့်ကြည့်လိုက်သည်။
ရှန်ရှိုးကျူက ပြုံးလိုက်ကာ မေးသည်။
"မင်း သွားတော့မလို့်လား?"
"အင်း"
ဟယ့်ရန်က တစ်လုံးတည်းပြန်ဖြေပြီး:
"ငါ့မှာ ကိစ္စရှိသေးတယ်"
"အဲ့လိုလား....."
ရှန်ရှိုးကျူ၏ မျက်နှာအမူအရာက အနည်းငယ် အထီးကျန်သွားသလို ပြောင်းလဲသွားကာ ထပ်မေးလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...