((Zawgyi))
အပိုင်း (၅၉)
နှစ်ဦးသဘောတူဆက်ဆံရေး👾👾👾
သို့သော် အမျိုးသားက ရပ်တန့်မသွားဘဲ နမ်းရှိုက်ရသည်ကို အလွန်စွဲလန်းနေပုံရသည်။ သူက ကိုယ်ကိုကိုင်းညွတ်ကာ:
"ရန့်ရန့်......."
ချင်ကျိုးသည် နားနားမှအသံကို နားထောင်ရင်း ရုတ်တရတ် နားမလည်နိုင်ဖြစ်မိသည်။
သူသည် အရင်က နမ်းရှိုက်ခံရဖို့် အဲ့ဒီလောက်အကြိမ်ပေါင်းများစွာ တောင်းဆိုခဲ့သည်မှာထင်ရှားသော်လည်း အမြဲတမ်း ဟယ့်ရန်၏ ငြင်းပယ်ခြင်းကိုသာခံခဲ့ရသည်။
အခု သူ မလိုချင်တော့ဘူးဆိုကာမှ ဟယ့်ရန်က သူ့ကို နမ်းရှိုက်ချင်နေသည်။
ဒါက အဆီအငေါ်မတည့်သည့် မှားယွင်းမှုကြီးပင်။
ချင်ကျိုးက ရောက်တတ်ရာရာ အများကြီး လျှောက်တွေးနေသည်။ သို့သော် မကြာမီတွင် သူ့၌ တခြားအကြောင်းများ တွေးတောဖို့ အင်အားမရှိတော့ဘဲ ရမ္မက်ဆန္ဒများ၏ လွှမ်းမိုးမှုအောက်သို့ သက်ဆင်းကျရောက်သွားတော့သည်။
သူတို့နှစ်ဦးသည် ပထမဆုံးအကြိမ် ချစ်ရည်လူးကြခြင်း မဟုတ်သဖြင့် တစ်ယောက်နှင့် တစ်ယောက် ခန္ဓာကိုယ်ချင်း အလွန်ရင်းနှီးနေကာ အိပ်ရာထက်တွင် ပြီးပြည့်စုံစွာ အလွန်လိုက်ဖက်ညီနေသည်။
ပြီးဆုံးသွားသည့်နောက် ချင်ကျိုး၏ အသက်ရှုသံများက တဖြည်းဖြည်း တည်ငြိမ်လာကာ ခန္ဓာကိုယ်တွင်းမှ အပူမီးများကလည်း တစ်စတစ်စ ငြိမ်သက်သွားသည်။
ဆေးရှိန်ပြယ်သွားသည်နှင့် ပင်ပန်းနွမ်းနယ်မှုနှင့် အိပ်ချင်စိတ်များက အလျင်အမြန် ထွက်ပေါ်လာသည်။
ချင်ကျိုးသည် သူ့ခန္ဓာကိုယ်အောက်ပိုင်း၌ စေးကပ်သောအထိအတွေ့ကို ခံစားနေရသော်လည်း သန့်ရှင်းရေးထလုပ်ဖို့ စိတ်မပါဘဲ အိပ်ပစ်လိုက်ဖို့သာ ဆန္ဒရှိနေသည်။ သို့နှင့် သူက တစ်ဖက်သို့လှည့်ကာ ဟယ့်ရန်ကို ကျောပေးလိုက်သည်။
သို့သော် ချင်ကျိုး မျက်လုံးများမှိတ်ကာ အိပ်ဖို့ပြင်သည့်အချိန်မှာပဲ သူ့ခန္ဓာကိုယ်က ရုတ်တရတ် လေထဲသို့မြှောက်သွားကာ တစ်စုံတစ်ယောက်က သူ့ကို ပွေ့ချီလိုက်တာကို ခံစားရသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...