((Zawgyi))
အပိုင်း (၁၃၄) - ကြေးမုံမှန်ကွဲ (၂၂)
အထူးအခြေအနေ👾👾👾
ကုညန် လက်နှစ်ဖက်ဆန့်၍ ဟယ့်ရန်လည်ပင်းကိုသိုင်းဖက်လိုက်သည်။ သူက တစ်ကိုယ်လုံးဟယ့်ရန်ပေါ်ဖိကပ်ကာ ညင်သာစွာပြောလိုက်သည်။
"လူကြီးမင်း၊ အရမ်းပူတာပဲ...."
ထိုအချိန်တွင် ကုညန် အသက်ရှုသံများ တဖြည်းဖြည်း ပိုမြန်ဆန်လာသည်။ သူမျက်နှာမှာနီရဲ၍ မက်မွန်ပွင့်မျက်လုံးတစ်စုံက အရည်လဲ့ကာ ကြည့်ရတာအလွန်သနားစဖွယ်ကောင်းလှသည်။
ကုညန် တစ်ကိုယ်လုံး ပူပြင်းပျော့ခွေနေသည်။ သူက မအောင့်ထားနိုင်တော့သလို အသက်ရှိုက်ရှူနေပြီး လေသံက ခန္ဓာကိုယ်၏ပူလောင်ပြင်းပြမှုများအား ဖြေဖျောက်ပစ်ချင်နေပုံရသည်။
ကုညန်၏လက်ရှိအခြေအနေက အတော်လေးမူမမှန်ဖြစ်နေသည်။ သူက ကာမစိတ်ကြွဆေးခတ်ခံထားရပုံရကာ ကိုယ်ပေါ်မှာ နှင်းဆီပန်းရနံ့ပြင်းပြင်းတစ်ခုရှိနေသည်။
သို့သော် ဟယ့်ရန်က သူ့အား သနားကြင်နာစိတ်တစ်စက်မှမရှိဘဲ ရက်စက်စွာတွန်းဖယ်ပစ်လိုက်သည်။
ကုညန် အတွန်းခံလိုက်ရတာကြောင့် နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်သွားသည်။ သူက မျက်လုံးများအနည်းငယ်နီမြန်းကာ:
"လူကြီးမင်း..."
ဆေးစွမ်းပြလာတာကြောင့် ကုညန်ဆက်မထိန်းထားနိုင်တော့။ သူက ဝတ်ထားသည့်အဖြူရောင်ရှပ်အင်္ကျီကော်လံကို ဆွဲဟပစ်လိုက်သည်။ ရှပ်အင်္ကျီအောက်မှ ညက်ရိုးတော်တော်များများလှစ်ဟပေါ်လာပြီးနောက် သူက ခေါင်းငုံ့ကာ အသက်ကိုခပ်ပြင်းပြင်းရှိုက်ရှုနေသည်။
"တောင်းပန်ပါတယ်၊ လူကြီးမင်း။ ဘာတွေဖြစ်ကုန်မှန်း ကျွန်တော် မသိတော့ဘူး....."
ကုညန်အသံက ရှိုက်သံပါကာ မျက်ရည်များစီးကျလာသည်။
"အရမ်းပူတာပဲ....."
ဟယ့်ရန်၏ တုံ့ပြန်မှုက အေးစက်နေဆဲ။ သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်ကာ အိပ်ခန်းဘက်ကိုကြည့်လိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...