အပိုင်း (၁၃၃)

4K 683 21
                                    

((Zawgyi))

အပိုင်း (၁၃၃) - ကြေးမုံမှန်ကွဲ (၂၁)
အနိမ့်စားနှင့် အမြင့်စား

👾👾👾

ဟယ့်ရန်က ဘာမှပြန်မပြော။ ကုညန်ဘေးရှိ လူငယ်လေးကိုသာ စိုက်ကြည့်နေသည်။

ရွှီချန်ရန့်ကလည်း ဟယ့်ရန်၏ အကြည့်‌များကို သတိထားမိကာ နှစ်ဦးသား အကြည့်ချင်းဆုံသွားသည်။

သို့သော် အနမ်းရာများချန်ခဲ့သည့်အမှုဖြင့် အမှတ်များနုတ်ခံရသည့်အကြောင်းကလည်း ရှိနေတော့ ရွှီချန်ရန့်က သူ့ဘက်မှ အရင်စ၍ အကြည့်လွှဲလိုက်ကာ ဒါရိုက်တာကြီးအား ပြောလိုက်သည်။

"ကျွန်တော် ရိုက်ကူးရေးရှိသေးလို့ အရင်သွား ပြင်ဆင်လိုက်ဦးမယ်"

ပြောပြီးသည်နှင့် ရွှီချန်ရန့်က နေရာမှ လှည့်ထွက်လာသည်။

ဒါရိုက်တာက ခဏကြောင်သွားပြီးမှ ဖုံးဖုံးဖိဖိ အမြန်ပြောလိုက်သည်။

"ကုကျိုးက ရုပ်ရှင်ရိုက်ဖို့ရှိသေးတယ်ဆိုတော့၊ ကုညန်၊ မင်းပဲ ဥက္ကဌဟယ့်ကို လိုက်ပြလိုက်ပါ"

ဟယ့်ရန်ကတော့ ရွှီချန်ရန့် ထွက်ခွာသွားသည့်ပုံရိပ်ကိုသာ စိုက်ကြည့်နေဆဲ။ သူက ဒါရိုက်တာ ပြော‌နေသည့်စကားများအပေါ် လုံးဝအာရုံမရှိ၊ ထုံးစံအတိုင်း 'အင်း' တစ်လုံးသာပြောလိုက်သည်။

ဟယ့်ရန် ပြန်သတိထားမိတော့ ကုညန်က သူ့ဘေးနား ရောက်နှင့်နေလေပြီ။

ကုညန်က ပါးချိုင့်လေးနှစ်ဖက် ပေါ်အောင် ပြုံးပြကာ ဟယ့်ရန်အား ရိုက်ကွင်းအနှံ့ လှည့်လည်ခေါ်ဆောင်သွားသည်။

"လူကြီးမင်းဟယ့်၊ ဒါကတော့ ကျွန်တျောတို့ အဖွဲ့သားတွေ အထူးတလည် ဆောက်လုပ်ထားတဲ့ ရိုက်ကွင်းဆက်တင်ပါ"

ကုညန်က နံဘေးရှိ အဆောက်အဦးငယ်လေးတစ်ခုကို လက်ညှိုးထိုးပြရင်း:

"ဒါပေမယ့် နည်းနည်း အန္တရာယ်များပြီး ပြိုကျဖို့ လွယ်တယ်"

ဒါပေမယ့် ဟယ့်ရန်က ထိုရိုက်ကွင်းဆက်တင်အား နည်းနည်းမှ စိတ်မဝင်စား၊ တုန့်ပြန့်မှုများက အလွန်အေးတိအေးစက်နိုင်နေသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now