အပိုင်း (၇၁)

11.6K 1.7K 72
                                    

((Zawgyi))

အပိုင်း (၇၁)
Sex scene ကို ဝင်ဖျက်ခြင်း

👾👾👾

ချင်ကျိုးက ကော်ရီတာပေါ်က ဟယ့်ရန်ကို သတိမပြုမိသေးတာကြောင့် လင်းချီရှောင်းနောက်မှ တိုက်ရိုက်လိုက်သွားကာ အခန်းအပြင်သို့ရောက်လာသည်။

သို့သော် လင်းချီရှောင်းက အခန်းကတ် ထုတ်လိုက်သည့်အချိန်၌ ရုတ်တရတ် သူ့နောက်ကနေ တစ်စုံတစ်ရာ မူမမှန်ဖြစ်လာတာကို သတိထားမိသွားသည်။ ဒါနဲ့ သူက မလှမ်းမကမ်းကို တစ်ချက်ကြည့်လိုက်တော့ ကော်ရီတာအဆုံးမှာ ပုံရိပ်တစ်ခုကို တွေ့ရသည်။

လင်းချီရှောင်းက ထိုလူကိုကြည့်လိုက်ပြီးနောက် ဘေးနားရှိ ချင်ကျိုးကို ထပ်မံစောင်းငဲ့ကြည့်​ကာ သတိပေးလိုက်သည်။

"မင်းရဲ့မိတ်ဆွေ ရှိနေတုန်းပဲ"

အဲ့တော့မှ ချင်ကျိုးက လှမ်းကြည့်ပြီး ဟယ့်ရန်ကိုတွေ့သွားကာ အနည်းငယ် အံ့အားသင့်သွားသည်။

အခန်းနှစ်ခန်းက သိပ်မဝေးသဖြင့် ချင်ကျိုးက အနားသို့ လျှောက်သွားကာ မေးလိုက်သည်။

"ခင်ဗျား မသွားသေးဘူးလား?"

ဟယ့်ရန်က မျက်လွှာချကာ ချင်ကျိုး၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်ပြီး လေသံတိုးတိုးဖြင့် မေးလိုက်သည်။

"မင်း သူနဲ့ ချိန်းတွေ့မလို့လား?"

ချင်ကျိုးက အသံပြုဖြေလိုက်ပြီး လက်ကောက်ဝတ်ကိုလှုပ်ရှားကာ သူ့လက်ကို ပြန်ဆွဲထုတ်ဖို့ ကြိုးစားလိုက်သည်။ သို့သော် ရလဒ်ကတော့ အမျိုးသားက အလွန်ခွန်အားကြီးနေပြီး သူ့ကိုယ့်သူ ဘယ်လိုပြန်ဆွဲဆြဲ ဆွဲထုတ်၍မရဖြစ်နေသည်။

ချင်ကျိုးက မေးလိုက်သည်။

"ဘာဖြစ်နေတာလဲ?"

"မင်း သူနဲ့ မချိန်းတွေ့ပါနဲ့"

ဟယ့်ရန်က အနည်းငယ် အနားကပ်လာသည်။ သူက နောက်လက်တစ်ဖက်ကို ချင်ကျိုးခါးပေါ်သို့ တင်လိုက်ကာ လူငယ်လေးအား ရင်ခွင်ထဲ၌ ပွေ့ဖက်ထားတော့မည့်အနေအထား ဖြစ်လာသည်။

"အိပ်ရာဖော်က တစ်ယောက်ပဲလိုတာပါ"

ဟယ့်ရန် ပြောသည့်အသံက အလွန်နူးညံ့ညင်သာကာ သူ့နှုတ်ခမ်းသားတွေက လူငယ်လေး၏နားရွက်နားသို့ လျင်မြန်စွာ တိုးကပ်လာသည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now