အပိုင်း (၁၁၆)

4.9K 823 19
                                    

((Zawgyi))

အပိုင်း (၁၁၆)
ကြေးမုံမှန်ကွဲ (၃) - သိုးလေးခိုးနမ်းတယ်

👾👾👾

ဟယ့်ရန် ရွှီချန်ရန့်လက်ထဲက သေတ္တာကိုမြင်တော့ သူပါ မျက်မှောက်ကြုတ်သွားသည်။

ဒီနေရာကို ယွမ်လျဲ့ ညွှန်းပေးခ့ဲတာ၊ ပြီးတော့ ဒီရွှေရောင်နဲ့ အနက်ရောင်ကတ်ကိုလည်း ယွမ်လျဲ့ပဲသူ့ကို ငှားလိုက်တာ -----

ယွမ်လျဲ့ တမင်လုပ်လိုက်တာ။

"ဒီကတ်က ယွမ်လျဲ့ ကိုယ့်ကို ပေးလိုက်တာ"

ဟယ့်ရန်က မျက်ခုံးကြောတွေကိုပွတ်ရင်း ပြောလိုက်သည်။

"ကိုယ် နောက်တစ်ခန်း ပြောင်းလိုက်မယ်"

ပြောပြီးတာနဲ့ ဟယ့်ရန်က လှည့်ထွက်ပြီး ဝန်ထမ်းကို ဆက်သွယ်လိုက်သည်။

ခဏနေတော့ ဝန်ထမ်းရောက်လာပြီး သူတို့နှစ်ယောက်ကို အခန်းပြောင်းပေးသည်။

ရွှီချန်ရန့်က အထဲဝင်ကာ အခန်းကို လှည့်ပတ်အကဲခတ်လိုက်သည်။

ဒီတစ်ခါတော့ အခန်းက ပုံမှန်နဲ့ပိုတူသွား​ပြီ။ အခန်းထဲမှာ အိစက်စက် မွေ့ယာကြီးတစ်လုံးရယ်၊ ဘေးမှာသရေစာမုန့်တွေ တင်ထားတဲ့စားပွဲနဲ့ မျက်နှာချင်းဆိုင်မှာတော့ တီဗွီဖန်သားပြင်ကြီးတစ်ခုရှိ​နေတယ်။

ရွှီချန်ရန့်က ပျင်းရိပျင်းတွဲနဲ့ ခေါင်းအုံးပေါ်မှီလိုက်သည်။

ဟယ့်ရန်က ဇာတ်ကားရွေးပြီး အခန်းမီးပိတ်ကာ မွေ့ယာဆီပြန်လာသည်။

သူတို့က ကုတင်ပေါ်မှာ နှစ်ယောက်သား အတူလှဲအိပ်နေပေမယ့် နှစ်ယောက်ကြားမှာ လုံခြုံတဲ့ အကွာအဝေးတစ်ခုခြားပြီး ခန္ဓာကိုယ်ချင်း၊ အသားချင်းထိနေတာမျိုးမရှိပေ။

ရွှီချန်ရန့်က ရှေ့က တီဗွီဖန်သားပြင်ကို ကြည့်ရင်း အသံနားထောင်ကာ မသိစိတ်က တဖြည်းဖြည်း အိပ်ငိုက်လာသည်။

စကတည်းက သူက တစ်ပတ်လုံး ကောင်းကောင်းမအိပ်ရသေးဘူး၊ ဒီနေ့လည်း ပရိုမိုးရှင်း ကြော်ငြာရိုက်ရင်း တစ်နေ့လုံးအလုပ်ရှုပ်နေတာမို့ သူ အတော်လေးပင်ပန်းနေ​ပြီ။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now