အပိုင်း (၇၄)

11.1K 1.8K 343
                                    

((Zawgyi))

အပိုင်း (၇၄)
ဖုန်းထဲကအသံများ

👾👾👾

နေ့လည်ခင်းရောက်တော့ ဟယ့်ရန်က ဆေးရုံသို့ရောက်လာသည်။

ချင်ကျိုးက လူနာခန်းထဲတွင် ရှိနေဆဲဖြစ်ပြီး ပြတင်းပေါက်ဘေးနားက ဆိုဖာခုံလေးမှာ ကိုယ်တစ်ဝက်မှီကာ လှဲလျောင်းနေသည်။ သူက မျက်လုံးများကိုမှိတ်ထားကာ ကြည့်ရတာ အိပ်မောကျနေပုံပေါ်သည်။

ချင်ကျိုးပေါင်ပေါ်တွင် မဂ္ဂဇင်းတစ်အုပ်တစ်အုပ်ကို ဖွင့်လျက်သား တင်ထားသည်။ သို့သော် မဂ္ဂဇင်းစာအုပ်က တဖြည်းဖြည်းလျောကျကာ အောက်ပြုတ်ကျလုနီးပါးဖြစ်နေသည်။

နေရောင်ခြည်သည် ပြတင်းပေါက်မှဖြတ်သန်းကာ လူငယ်လေး၏ကိုယ်ပေါ်သို့ ကျရောက်နေသည်။ ဘေးပတ်ဝန်းကျင်က အလွန်တိတ်ဆိတ်အေးချမ်းလျက်နေသည်။ ဘေးနားရှိ လူနာကုတင်ပေါ်မှာတော့ လူမရှိဘဲ နေရာလစ်လပ်နေကာ လူနာစောင့်က အဘွားအိုကိုခေါ်ပြီး လမ်းလျှောက်ထွက်သွားပုံရသည်။

ဟယ့်ရန်က ခပ်ဖွဖွလှုပ်ရှားကာ ပြတင်းပေါက်နားသို့ ချဉ်းကပ်လာသည်။ သူက ကိုယ်ကိုအနည်းငယ်ကိုင်း၍ ပြုတ်ကျခါနီး မဂ္ဂဇင်းစာအုပ်ကို ကောက်ယူကာ ဘေးနားက စားပွဲပေါ်မှာ တင်လိုက်သည်။

ဟယ့်ရန်အနားကပ်လာတော့ ချင်ကျိုးလည်း အိပ်ရာမှနိုးသွားသည်။

ချင်ကျိုးက အနည်းငယ် အိပ်ချင်မူးတူးဖြစ်နေသေးပြီး ကိုယ်ကိုလှုပ်ရှားကာ လက်ကိုင်ဖုန်းကိုယူ၍ အချိန်ကိုတစ်ချက်ကြည့်လိုက်သည်။

သူအိပ်ပျော်သွားသည့် အနေအထားက သိပ်မကောင်းလှပေ။ ထို့ကြောင့် နိုးလာသည့်အခါ ပုခုံးကအနည်းငယ် မသက်မသာခံစားရသဖြင့် ချင်ကျိုးက ညာဘက်ပုခုံးကို နှိပ်နယ်လိုက်သည်။

ဟယ့်ရန်က အနားတိုးလာပြီး ချင်ကျိုး၏ ပုခုံးကို ကူညီနှိပ်နယ်ပေးရင်း မေးလိုက်သည်။

"မင်းနဲ့ ရှန်ရှိုးကျူ ပဋိပက္ခဖြစ်ထားတာလား?"

ချင်ကျိုးက ခပ်အုပ်အုပ်ရယ်မောလိုက်ကာ ခေါင်းအနည်းငယ်မော့၍ ပြုံးပြုံးလေး ပြောလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now