အပိုင်း (၈၉)

11.1K 1.9K 147
                                    

((Zawgyi))

အပိုင်း (၈၉)
မင်းတို့က ဇနီးမောင်နှံလား?

👾👾👾

(T/N - မူရင်းက ဇနီးမောင်နှံကို- လက်ထပ်ထားတဲ့ ယောကျာ်းနှစ်ယောက်အတွဲ 夫夫 - ဖူဖူ လို့သုံးထားပါတယ်၊ လက်ထပ်ထားတဲ့ယောကျာ်းနဲ့ မိန်းမအတွဲက 夫妻 - ဖူချီး ပါ။)

ချီချီက ချင်ကျိုးကို ခေါင်းမော့ပြီး ချစ်စဖွယ်လိမ္မာစွာ​ ကြည့်နေသည်။

အိမ်အကူအမျိုးသမီးက အမြန်ရောက်လာကာ ချီချီကိုဆွဲလိုက်ပြီး ချင်ကျိုးကို တောင်းပန်သည်။

"ရပါတယ်"

ချင်ကျိုးက ပြုံးပြကာ ကြက်ဥပန်ကိတ်များ ဆက်လုပ်လိုက်သည်။

အိမ်အကူအမျိုးသမီးကလည်း သိုင်းကြိုးကိုဆွဲကာ မီးဖိုခန်းထဲကနေ ချီချီကို ​ခေါ်သွားသည်။

ချင်ကျိုးက ကြက်ဥပန်ကိတ်များလုပ်ပြီး သေချာထုပ်ပိုးကာ စားသောက်ဆိုင်အပြင်သို့ ထွက်ခဲ့သည်။

အိမ်အကူအမျိုးသမီးက အပြင်ဘက်တွင် စောင့်နေပြီး မုန့်များကိုယူကာ ပြန်ဖို့ပြင်သည်။

သို့သော် ချီချီက မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ထွက်သွားဖို့ ငြင်းဆန်နေသည်။

ချီချီက ချင်ကျိုးကို လှမ်းကြည့်ကာ အော်ခေါ်သည်။

"ဝုတ်!"

ချီချီက ထွက်မသွားချင်ပေ။ ထို့အပြင် ချီချီကိုယ်လုံးက ပိုကြီး​နေတာကြောင့် ဘေးက အိမ်အကူအမျိုးသမီးခမျာ ချီချီကို ဆွဲမခေါ်နိုင်ဘဲ ကြံရာမရဖြစ်နေသည်။

ချင်ကျိုးက ဆောင့်ကြောင့်ထိုင်လိုက်ပြီး မိုက်ခရိုဖုန်းကိုဘေးဖယ်ကာ လက်တစ်ဖက်ဖြင့် ချီချီခေါင်းလေးကို ပွတ်ပေးရင်း တိုးတိုး ပြောလိုက်သည်။

"လိမ္မာတယ်၊ ပြန်တော့"

"ဝုတ်!"

ချီချီက အနားကပ်လာကာ သူ့အမွှေးထူထူခေါင်းလေးဖြင့် ချင်ကျိုးရင်ခွင်ထဲဝင်ပြီး တိုးဝှေ့ပွတ်သပ်လိုက်သည်။

ချင်ကျိုးက သနားသွားကာ အနည်းငယ် တွန့်ဆုတ်သွားသည်။

ချီချီသည် ဟယ့်ရန် သူ့ကို ခေါ်လာစဉ်က အကောင်ပေါက် သေးသေးလေးသာရှိသေးပြီး မျက်လုံးတောင် မပွင့်သေးပေ။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now