အပိုင်း (၃၈)

10.9K 1.4K 67
                                    

((Zawgyi))

အပိုင်း (၃၈)
ရှိုးကျူနဲ့ စမ်းကြည့်ချင်လား

👾👾👾

ချင်မင်ပွဲတော်နေ့၌ ဟယ့်ရန် သင်္ချိုင်းသို့ တစ်ခေါက်သွားခဲ့သည်။

သို့သော် ဟယ့်ရန်ကတော့ အရင်အတိုင်း အောက်မဆင်းဘဲ ကားပေါ်မှာသာထိုင်ရင်း သင်္ချိုင်းသို့ လာရောက်ကြသူများကို တိတ်ဆိတ်ငြိမ်သက်စွာ ​ငေးကြည့်နေသည်။

နောက်ပြီး ဟယ့်ရန်၏လက်ထဲ၌ သစ်သားဆိုင်းဘုတ်လေးကိုလည်း ဆုပ်ကိုင်ထားသည်။

[လူကြီးမင်း နှစ်တိုင်း ဘေးကင်းကျန်းမာပါစေ]

ဟယ့်ရန်သည် ခေါင်းကိုငုံ့ကာ လက်ချောင်းထိပ်များနှင့် လက်ရေးစာလုံးလေးများကို ပွတ်သပ်ရင်း တစ်စုံတစ်ရာကို သတိရနေသကဲ့သို့ တွေဝေမိန်းမောနေသည်။

ဟယ့်ရန်က သင်္ချိုင်းအပြင်ဘက်တွင် နေ့လည်ခင်းမှ ညနေရောက်သည်အထိ တစ်ချိန်လုံးရှိနေပြီးနောက် ဦးလေးကျိုးကို ပြောလိုက်သည်။

"အရက်ဘား"

ဦးလေးကျိုးကလည်း အဲ့ဒါနဲ့ ကျင့်သားရနေပြီဖြစ်သည်။ အခေါက်တိုင်းတွင် ဟယ့်ရန်သည် သင်္ချိုင်းအပြင်ဘက်ကနေ တစ်ချက်လှမ်းကြည့်ပြီး ဘယ်တော့မှ အထဲမဝင်ခဲ့ပေ။

ဦးလေးကျိုးက အရက်ဘားသို့ လိုက်ပို့လိုက်သည်။ ဟယ့်ရန်ကလည်း ခါတိုင်းလိုပင် သီးသန့်ခန်းထဲသို့ အေးဆေးစွာ ဝင်သွားသည်။

သို့သော် ဒီတစ်ခါ ဟယ့်ရန်ဝင်လာသည့်အခါ သီးသန့်ခန်းထဲ၌ အရင်လို အပျော်အပါးမက်သည့် ဒုတိယမျိုးဆက်သခင်လေးတစ်စုအပြင် ရှန်ရှိုးကျူပါ ရှိနေသည်။

ရှန်ရှိုးကျူက ပုံမှန်ဆို အရက်ဘားသို့ လာခဲပြီး တစ်ခါတစ်ရံမှသာ တွေ့ဆုံရန် ရောက်လာတတ်သည်။

ဟယ့်ရန်က အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။

"ဘယ်လိုလုပ်ရောက်လာတာလဲ?"

"သူတို့က ဒီရက်ပိုင်းမှာ မင်း အမြဲတမ်း အရက်သောက်နေတယ်လို့် ပြောတယ်"

ရှန်ရှိုးကျူက မျက်လုံးများ မှေးသွားအောင် ပြုံးလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now