((Zawgyi))
အပိုင်း (၇၅)
အိမ်ပြန်ပြီ👾👾👾
ရှန်ရှိုးကျူက ထပ်မံ၍ခေါ်လိုက်သည်။
"ဟယ့်ရန်?"
သို့သော် ဖုန်း၏အခြားတစ်ဖက်က ဘယ်သူမှ ပြန်ဖြေသံ ထွက်မလာဘဲ ထိန်းချုပ်မျိုသိပ်ထားရသော ပင့်သက်ရှိုက်သံများကိုသာ ကြားနေရသည်။
ရှန်ရှိုးကျူက ဖုန်းကိုတိုက်ရိုက်တန်းချပစ်လိုက်သည်။ သူက အနည်းငယ် ခေါင်းငုံ့ကာ မျက်လုံးထဲက စိတ်ခံစားများကို ဖုံးကွယ်ထားသည်။
ဘေးနားရှိ ချီသခင်လေးက မေးသည်။
"ဟယ့်သခင်လေး လာမှာလား?"
ရှန်ရှိုးကျူက ခေါင်းမော့လိုက်ပြီး သူ့မျက်နှာတွင် ပုံမှန်အတိုင်း နွေးထွေးသိမ်မွေ့သည့် အမူအရာများ ပြန်လည်ရောက်ရှိလာကာ ညင်သာစွာ ပြောလိုက်သည်။
"ဟယ့်ရန်မှာ ကိစ္စနည်းနည်းရှိနေလို့၊ လာဖို့အချိန်မရဘူး"
👾👾👾
အိပ်ရာပေါ်၌။
ချင်ကျိုးသည် အမျိုးသား၏ကိုယ်ပေါ်တွင် မှောက်၍လှဲလျောင်းနေပြီး ညအိပ်ဝတ်စုံက ခါးအထိ လျောကျနေသည်။
ဟယ့်ရန်သည် လက်တစ်ဖက်ဖြင့် ရင်ခွင်ထဲကလူကို ပွေ့ဖက်ရင်း နောက်လက်တစ်ဖက်က ညအိပ်ဝတ်စုံထဲသို့ ဆန့်တန်းဝင်ရောက်ကာ ခန္ဓာကိုယ်က အချစ်စိတ်များ တက်ကြွလို့်လာသည်။
ချင်ကျိုးက ခေါင်းစောင်းကာ ဘေးနားရှိ လက်ကိုင်ဖုန်းကို တစ်ချက်ကြည့်လိုက်ပြီး ပင့်သက်ရှိုက်လိုက်ကာ မေးသည်။
"ဖုန်းချသွားပြီလား?"
"အင်း"
ဟယ့်ရန်က အသံပြု၍ ပြန်အဖြေပေးလိုက်ပြီး ကုတင်ဘေးဗီဒိုထဲမှ ကွန်ဒုံးကို ထုတ်လိုက်သည်။
သို့သော် ဟယ့်ရန် ကွန်ဒုံးထုပ်ကိုမဖောက်ရသေးခင်မှာပဲ သူ့လက်ကောက်ဝတ်ကို လှမ်းဆွဲခံလိုက်ရသည်။
ဟယ့်ရန်က ခေါင်းမော့ပြီး ချင်ကျိုးကို ကြည့်လိုက်သည်။
"မလုပ်တော့ဘူး"
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...