((Zawgyi))
အပိုင်း (၉၆)
ရှို့မီး👾👾👾
ချင်ကျိုးက စူးထန်ကို မက်ဆေ့ပြန်ပို့မယ်လုပ်တော့ သူ့ဘေးကကောင်လေးက ရုတ်တရတ် မတ်တပ်ထရပ်လိုက်သည်။
"ဖေးယွမ်ကောကော"
ကောင်လေးက လက်ဆန့်၍ ဖေးယွမ်ဆီ ပြေးသွားသည်။
ဖေးယွမ်က ကောင်လေးကို ပွေ့ချီလိုက်ကာ မေးသည်။
"ရှောင်ချန် ဘာလို့မအိပ်သေးတာလဲ?"
"အိပ်မပျော်ဘူး"
ရှောင်ချန်က ခေါင်းခါပြသည်။
ချင်ကျိုးက နေရာမှထပြီး လှမ်းခေါ်သည်။
"ဆရာဖေး"
ဖေးယွမ်က ချင်ကျိုးကို ခေါင်းညိမ့်ပြပြီး ပြောသည်။
"ငါ သူ့ကို နေ့လည်တစ်ရေးအိပ်ဖို့ခေါ်သွားမယ်"
ရှောင်ချန်က အဲ့ဒါကိုကြားတော့ ကလေးသံလေးနှင့် ပြောလိုက်သည်။
"ချင်ကျိုးကောကောလည်း ကျွန်တော်နဲ့ အတူတူ အိပ်"
ချင်ကျိုးက ပြုံးပြီး ပြန်ဖြေသည်။
"ကောင်းပြီ"
ဖေးယွမ်က ရှောင်ချန်ကိုချီ၍ နားနေခန်းသို့ထွက်သွားပြီး ချင်ကျိုးလည်း နောက်ကနေလိုက်သွားသည်။
ရှောင်ချန်က ကုတင်ပေါ်မှာအိပ်လိုက်ပြီး ဖေးယွမ်ကိုလည်း သူနဲ့အတူအိပ်ဖို့ မမေ့မလျော့ ဆွဲခေါ်လိုက်သည်။
ချင်ကျိုးကတော့ ကုတင်ဘေးတွင်ထိုင်ပြီး ပုံပြင်စာအုပ်ကိုယူကာ ရှောင်ချန်ကို ပုံပြင်ဖတ်ပြသည်။
"ဟိုးရှေးရှေးတုန်းက တိုင်းပြည်တစ်ပြည်ရဲ့ ဧကရာဇ်တစ်ပါးမှာ ချစ်လှစွာသော သမီးတော်လေးတစ်ပါးရှိသတဲ့ --"
ချင်ကျိုး၏အသံက အလွန်ညင်သာပြီး ပုံပြင်ပြောနှုန်းကလည်း နှေးနှေးလေးဖြစ်သည်။
ပုံပြင်ပြောရင်းတစ်ဝက်ကျိုးသည့်အခါ ချင်ကျိုးက အိပ်ရာပေါ်ကြည့်လိုက်တော့ ရှောင်ချန်က အိပ်ပျော်သွားလေပြီ။
နောက်ပြီး ရှောင်ချန်ဘေးနားတွင် ဖေးယွမ်ကလည်း မျက်လုံးများမှိတ်ကာ အိပ်ပျော်နေသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...