((Zawgyi))
အပိုင်း (၁၃၁) -ကြေးမုံမှန်ကွဲ (၁၉)
လူကြီးမင်းမကြိုက်ဘူးလား?👾👾👾
ထိုအခိုက်အတန့်မှာ လူငယ်လေးက သူ့အား နူးညံ့သိမ်မွေ့စွာ ရွှန်းရွှန်းစားစား စိုက်ကြည့်နေသည်။ လှပသော မက်မွန်ပွင့်မျက်ဝန်းများက ပြုံးရိပ်များသန်းကာ သူ၏မှတ်ဉာဏ်တွေထဲကနှင့် တစ်ပုံစံတည်းပင်။
လူငယ်လေးက ဘေစင်ကိုမှီထားကာ ကိုယ်ပေါ်မှာ ပွယောင်းယောင်း ရှပ်အင်္ကျီတစ်ထည် ဝတ်ထားပြီး ညှပ်ရိုးစင်းစင်းတို့ ပေါ်လွင်နေသည်။ ရှပ်အင်္ကျီအနားက သူ့ပေါင်ရင်းအထိသာအုပ်ပြီး အောက်မှာတော့ ဘာမှမဝတ်ထားပေ။
"ရန့်ရန့်"
ဟယ့်ရန် ရှေ့တက်သွားသည်။ သူ့ အသံက အနည်းငယ် အက်ရှနေသည်။
"အင်္ကျီသေချာဝတ်လေ"
ဟယ့်ရန်က လူငယ်လေးရှေ့သွားကာ လူငယ်လေးရှပ်အင်္ကျီကို ကြယ်သီးသေချာတပ်ပေးဖို့ လုပ်လိုက်သည်။
ဒါပေမယ့် ဟယ့်ရန် ကြယ်သီးတပ်ပေးနေတုန်း လူငယ်လေးက ဟယ့်ရန်၏ လက်တစ်ဖက်ကို ဖမ်းဆုပ်လိုက်သည်။
"လူကြီးမင်း"
လူငယ်လေးက ကိုယ်ကို ရှေ့အနည်းငယ်ကိုင်းလိုက်တော့ သူ့ခန္ဓာကိုယ်က အမျိုးသားကိုယ်ပေါ် ဖိထားမတတ် နီးကပ်သွားသည်။ ထို့နောက် သူက ညင်သာစွာ တိုးတိုးလေး မေးလိုက်၏။
"လူကြီးမင်း၊ ကျွန်တော့်ကို ဒီလိုပုံစံနဲ့ မကြိုက်ဘူးလား?"
လူငယ်လေးက ခေါင်းမော့ကြည့်လာသည်။ ခုလေးတင် ရေချိုးပြီးတာကြောင့် သူ့မျက်နှာက နီမြန်းကာ နှုတ်ခမ်းသားတွေကလည်း နှင်းဆီရောင်ရဲနေသည်။ လူငယ်လေးမှာ ကြည့်ရတာ အထူးတလည် ဆွဲဆောင်မှုရှိလှသည်။
ဟယ့်ရန်က ရင်ခွင်ထဲက လူငယ်လေးကိုကြည့်ပြီး မနေနိုင်တော့တဲ့အဆုံး လက်ဆန့်လာသည်။ သူက လူငယ်လေး ဝတ်ထားသည့် ကိုင်းအပါးမျက်မှန်လေးကိုချွတ်ကာ ရင်းနှီးကျွမ်းဝင်နေသော မက်မွန်ပွင့် မျက်ဝန်းများကို ကြည့်လိုက်သည်။
ကြိုက်တယ်။
ဒါပေမယ့် ဟယ့်ရန်က အကြည့်ပြန်လြွှဲကာ မျက်မှန်ကို ဘေစင်ပေါ်တင်လိုက်သည်။ ထို့နောက် သူက လူငယ်လေးကျောကို ပွတ်ကာ အသာပုတ်ပေးရင်း ညင်သာစွာ ပြောလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...