((Zawgyi))
အပိုင်း (၁၁၅)
ကြေးမုံမှန်ကွဲ (၂) - ချိန်းတွေ့ခြင်း👾👾👾
ဟယ့်ရန်က အခွင့်အရေးကို အမိအရဖမ်းဆုပ်ပြီး ပြောလိုက်သည်။
"ဒါဆို အဲနေ့ညကျရင် Twilight စားသောက်ဆိုင်ကိုသွားကြမယ်"
ရွှီချန်ရန့်က ဒီဆိုင်နာမည်ကိုကြားဖူးထားပြီးသားဖြစ်ပြီး ကျန်းလင်က မကြာခဏဆိုသလို သူ့ဆီမှာ ထိုဆိုင်ကောင်းကြောင်း ချီမွမ်းခန်းဖွင့်တတ်သည်။ ဒါနဲ့ သူက ခေါင်းညိမ့်ပြပြီး သဘောတူလိုက်သည်။
ဟယ့်ရန်က မေးသည်။
"ပြီးရင် ရုပ်ရှင်သွားကြည့်ကြမလား?"
ရွှီချန်ရန့်က ခဏလောက် အဖြေပြန်မပေးဘဲနေတော့ ဟယ့်ရန်က တိုးတိုးလေး သတိပေးသလို ပြောလာသည်။
"ငါးနာရီလေ"
"ခင်ဗျားပဲ ဆုံးဖြတ်ပါ"
ရွှီချန်ရန့် ခပ်ဖွဖွရယ်ရင်း:
"ငါးနာရီဆိုတော့ အချိန်လောက်ပါတယ်"
"ကောင်းပြီ"
"ဒါဆို (၆)နာရီတွေ့မယ်"
ရွှီချန်ရန့်က ပြုံးလိုက်ပြီး:
"ဒီတစ်ခါ နောက်မကျနဲ့နော်"
"နောက်မကျစေရဘူး"
ရွှီချန်ရန့်က indoor ခန်းရိုက်ကူးဖို့ ပြန်လှည့်သွားသည်။
ဟယ့်ရန်ကတော့ ဆိုဖာဘေးမှာရပ်နေဆဲဖြစ်ပြီး မြင်ကွင်းမှ တဖြည်းဖြည်းဝေးသွားသည့် ပုံရိပ်လေးကို ငေးကြည့်နေသည်။
ဒါပေမယ့် ဟယ့်ရန်က စတူဒီယိုမှာ ကြာကြာမနေဘဲ ပြန်ထွက်လာသည်။
သူက အပေါ်ထပ်တက်သွားပြီး ယွမ်လျဲ့ရုံးခန်းဆီရောက်လာသည်။
ယွမ်လျဲ့က စာရွက်စာတမ်းတွေ စစ်ရင်း ဟယ့်ရန်ရောက်လာတာမြင်တော့ အသာလေး မေးလိုက်သည်။
"ဘာဖြစ်လာတာလဲ?"
ဟယ့်ရန်က ဘာမှပြန်မပြော၊ တိတ်ဆိတ်လျက်သာ ယွမ်လျဲ့ရှေ့က ထိုင်ခုံဆီ လျှောက်လာသည်။
ယွမ်လျဲ့က ဟယ့်ရန်၏ အေးတိအေးစက်နိုင်မှုကို ကျင့်သားရနေသူပီပီ ထပ်ပြီးမေးလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...