((Zawgyi))
အပိုင်း (၈)
ရှန်ရှိုးကျူ👾👾👾
အတုအယောင်။
သူက.... အတုအယောင်တဲ့လား?
ရွှီချန်ရန့်သည် ထိုသူစိမ်းလူငယ်လေးကို ကြည့်လိုက်၏။ သူ ပိုပြီးကြည့်မိလေ၊ သူတို့နှစ်ယောက်က ပိုပြီးဆင်တူလာသည်ဟု ခံစားမိလာလေဖြစ်သည်။
တကယ်လို့ မျက်နှာကို ဖယ်ပြီး ခန္ဓာကိုယ်အချိုးအစားနှင့် ဝတ်ပုံစားပုံကိုပဲ ကြည့်မည်ဆိုပါက သူတို့နှစ်ဦးက ချွတ်စွတ်နီးပါးပင်ဖြစ်သည်။
ထို့အပြင် သူနှင့် အဲ့ဒီလူ၏ အကြီးမားဆုံး ကွာခြားချက်က မျက်နှာဖြစ်သည်။
ထိုသူစိမ်းလူငယ်လေး၏ မျက်နှာသွင်ပြင်သည် အလွန်နူးညံသိမ်မွေ့သည်။ သူ့ပုံစံက မင်းသားလေးတစ်ပါးကဲ့သို့ ကြီးပြင်းလာသည့် သခင်လေးတစ်ယောက်နှင့်တူပြီး သူ၏ လှုပ်ရှားမှုတိုင်းက အလွန်တင့်တယ်ကာ ကျက်သရေရှိလှသည်။
ရွှီချန်ရန့်က ခေါင်းလှည့်ကာ ဘေးဘက်ရှိ သင်္ဘောပြတင်းပေါက်မှန်ကို ငေးစိုက်ကြည့်မိတော့ ပြတင်းပေါက်မှန်တွင် ရောင်ပြန်ဟပ်နေသည့် မက်မွန်ပွင့် မျက်ဝန်းတစ်စုံကို တွေ့ရသည်။
ထိုလူငယ်လေးနှင့်ယှဉ်လျှင် သူ၏မျက်နှာသွင်ပြင်မှာ သာမာန်ထက် အနည်းငယ် ပို၍ တိတိပပရှိသည်။ သို့သော် သူသည် ရွှေရောင်အနားကွက်ပါသည့် မျက်မှန်တပ်ထားသဖြင့် သူ့ကြည့်ရတာ နည်းနည်း နူးညံ့သိမ်မွေ့နေသည်။
ရွှီချန်ရန့်သည် လက်ကို ဖြည်းဖြည်းချင်း မြှောက်လိုက်၏။ ထို့နောက် သူက တုန်ရီနေသော လက်များဖြင့် မျက်မှန်ကို ဆွဲချွတ်လိုက်သည်။
တချို့ကိစ္စတွေက သူသေချာမစုံစမ်းခြင်းသာဖြစ်ပြီး အဲ့ဒါက သူဘာမှမသိဘူးလို့တော့ ယူဆ၍မရပေ။
သူသည် တည်ငြိမ်အေးချမ်းသည့် အရာလေးတစ်ခုကို ဖျက်ဆီးပစ်ရမှာထက် ကိုယ့်ကိုယ်ကို လှည့်စားပြီး ဟန်ဆောင်၍သာ နေလိုက်ချင်ပါသည်။
သူ့ဘေးနားက ချီရိသည် ဝိုင်ကို စိမ်ပြေနပြေသောက်ကာ လှောင်ပြုံးပြုံးလိုက်သည်။ သူ့ပုံစံက အတုအယောင်ပစ္စည်းတစ်ခု၏ ကျရှုံးခန်းကို လှောင်ပြောင်ရယ်မောနေသယောင်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...