((Zawgyi))
အပိုင်း (၄၅)
တစ်ယောက်သောသူ၏အရှေ့၌ အနမ်းခန်းရိုက်ကူးခြင်း👾👾👾
အဖြူရောင်ပွင့်ချပ်များပေါ်၌ နှင်းရည်လေးများ စွတ်စိုနေဆဲဖြစ်သည်။ ချင်ကျိုးကတော့ မျက်စိရှေ့မှ နှင်းဆီပန်းများကိုကြည့်ကာ တုပ်တုပ်မျှ မလှုပ်ပေ။
ဟယ့်ရန်: "ကိုယ် အင်တာဗျူးကိုကြည့်ပြီးပြီ၊ မင်းက နှင်းဆီဖြူလေးတွေ ကြိုက်တယ်လို့ ပြောထားတယ်"
"ကျေးဇူးပါဥက္ကဋ္ဌဟယ့်"
ချင်ကျိုးက ပြုံးလိုက်ကာ:
"ဒါပေမယ့် နှင်းဆီပန်းကိုတော့ ကျွန်တော်လက်မခံနိုင်ပါဘူး"
ဟယ့်ရန်က ပန်းစည်းပေးနေသည့်ကိုယ်နေဟန်ထားကို ဆက်လက်ထိန်းထားဆဲက အနည်းငယ် မျက်မှောင်ကြုတ်သွားကာ အော်ခေါ်လိုက်သည်။
"ရန့်ရန့်"
"ဥက္ကဋ္ဌဟယ့်၊ ကျွန်တော်က ချင်ကျိုးပါ"
ချင်ကျိုး၏ပြောပုံဆိုပုံက ရည်မွန်ယဉ်ကျေးနေသလို၊ စိမ်းကားဝေးကွာလို့လည်းနေပြန်သည်။
ဟယ့်ရန်သည် လက်ကိုဆန့်ထုတ်ကာ လူငယ်လေး၏မျက်နှာပေါ်က မျက်ရည်ခံမှဲ့လေးကို ထိကိုင်ချင်မိသည်။
"နာမည်လေး ပြောင်းလိုက်ရုံနဲ့ မသိချင်ယောင်ဆောင်လို့ မရပါဘူး"
ချင်ကျိုးက အမျိုးသား၏အပြုအမူကို မြင်တော့ နောက်ကိုတစ်လှမ်းဆုတ်လိုက်ကာ စိတ်ရှည်ရှည်ဖြင့် ပြောလိုက်သည်။
"ဥက္ကဋ္ဌဟယ့်၊ ခင်ဗျား တကယ် လူမှားနေပြီ"
"ဥက္ကဋ္ဌဟယ့်၊ ခင်ဗျားရဲ့စေတနာကို ကျေးဇူးတင်ပါတယ်၊ ကျွန်တော် ပြန်သင့်ပြီ"
ပြောပြီးတာနဲ့ ချင်ကျိုးက လှည့်ထွက်လာကာ ဟိုတယ်ထဲသို့ ဝင်သွားပြီး အနောက်မှ အမျိုးသားကို ဂရုမစိုက်ဘဲ လျစ်လျူရှုထားလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...