အပိုင်း (၁၉)

8.5K 1.1K 135
                                    

((Zawgyi))

အပိုင်း (၁၉)
ဘယ်တုန်းကမှမဟုတ်ခဲ့ဘူး

👾👾👾

ရွှီချန်ရန့် လူနာခန်းရှေ့မှာရပ်ကာ အများကြီး စဉ်းစားလိုက်သည်။ နောက်ဆုံးတော့ သူက သူတို့ကို အထဲဝင်ပြီး အနှောင့်အယှက်မပေးတော့ဘဲ အခန်းဘေးက လူနာစောင့်ခုံမှာ ထိုင်လိုက်ကာ ဖြည်းဖြည်းအေးအေး စောင့်ဆိုင်းနေလိုက်သည်။

တစ်ဖက်မှာတော့ ကျန်းလင်ကလည်း ခေတ္တ တုန့်ဆိုင်းသွားပြီးနောက် အထဲမဝင်ဖြစ်ဘဲ အပြင်ဘက်မှာသာ ရွှီချန်ရန့်နှင့်အတူ အဖော်ပြုပေးလိုက်သည်။

ရွှီချန်ရန့်သည် တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။ သူက မျက်နှာချင်းဆိုင်က အဖြူရောင်နံရံကြီးကို ကြည့်ကာ တွေဝေမိန်းမောနေသည်။

ကျန်းလင်သည် သူ့ဘေးကလူကို ကြည့်လိုက်ပြီးနောက် လက်ကိုင်ဖုန်းကို တိတ်တိတ်လေးထုတ်ကာ ဟယ့်ရန်ဆီသို့ မက်ဆေ့ပို့ပြီး အသိပေးလိုက်သည်။

သိပ်မကြာခင်၊ လူနာခန်းထဲကနေ အခန်းတံခါးဖွင့်လာသည်။

ဟယ့်ရန်က အခန်းထဲမှထွက်လာပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ သူက အခန်းဘေးက လူနာစောင့်ခုံများတွင် ထိုင်နေသည့် လူနှစ်ဦးကို ကြည့်လိုက်သည်။

"လူကြီးမင်း"

ရွှီချန်ရန့်က ထိုင်ရာမှထကာ တိုးညင်းဖျော့တော့စွာ မေးလိုက်သည်။

"ရှန်ရှိုးကျူ........ သူ သက်သာသွားပြီလား?"

"အင်း"

ဟယ့်ရန်က အနည်းငယ် အေးတိအေးစက်ဖြင့် တစ်လုံးတည်းပြန်ဖြေသည်။

ရွှီချန်ရန့်က လူနာခန်းကို လှမ်းကြည့်လိုက်ကာ ရှင်းပြသည်။

"အန်တီက အစားအသောက်စာရင်းကို ခဏပြောင်းထားတာ။ ကျွန်တော် ပင်လယ်စာတွေပါမှန်း သတိမထားမိလိုက်ဘူး။ သူ့နဲ့ ဓာတ်မတည့်ဘူးဆိုတာလည်း ကျွန်တော် မသိဘူး....."

"ကျွန်တော် အထဲဝင်ပြီး သူ့ကိုကြည့်လို့ရမလား?"

ရွှီချန်ရန့်က မေးလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now