အပိုင်း (၂၈)

10.3K 1.2K 75
                                    

((Zawgyi))

အပိုင်း (၂၈)
ငါးရက်မြောက်နေ့

👾👾👾

ထိုနေ့မနက်တွင် ဟယ့်ရန်သည် ကျန်းအန်ရပ်ကွက်သို့လာကာ ရှန်ရှိုးကျူကို ဝင်ခေါ်လိုက်သည်။

အပြင်ဘက်၌ ရာသီဥတုက အုံမှိုင်းနေဆဲ​ဖြစ်ပြီး လေပြင်းများ အဆက်မပြတ်တိုက်ခတ်နေသည်။

ရှန်ရှိုးကျူက ကားပေါ်ရောက်သည့်အခါ မတတ်သာဘဲ ခေါင်းငုံကာ နှာချေလိုက်သည်။ သူ့မျက်လုံးများက အနည်းငယ် နီမြန်းလာသည်။

ဟယ့်ရန်က လှမ်းကြည့်ပြီး မေးလိုက်သည်။

"အအေးမိသွားတာလား?"

"ဖြစ်နိုင်တယ်....."

ရှန်ရှိုးကျူက မျက်လုံးများကို ပွတ်ကာ ပြောလိုက်သည်။

"ဒါနဲ့ မနေ့က ငါ့ရဲ့ခွက်လေး မင်းကားထဲ ​မေ့ကျန်ခဲ့တယ်ထင်တယ်....."

ရှန်ရှိုးကျူက ပြောပြီးနောက် ခေါင်းငုံ့ပြီး ထိုင်ခုံတွေပေါ် ရှာကြည့်လိုက်သည်။

ဟယ့်ရန်က ဘေးကနေ အပူခံခွက်လေးကို အသာကမ်းပေးကာ ပြောလိုက်သည်။

"မနက်က ရေနွေးထည့်ခဲ့တယ်"

"ကျေးဇူးပဲ"

ရှန်ရှိုးကျူက ပြုံးပြကာ အပူခံခွက်လေးကို ယူပြီး ဖြည်းဖြည်းချင်း သောက်လိုက်သည်။

ရေက နွေးနေသဖြင့် ရှန်ရှိုးကျူသောက်လိုက်သည့်အခါ မျက်မှန်ပေါ်တွင် ရေငွေ့များရိုက်လာပြန်သည်။

ကားသည် သင်္ဘောဆိပ်ဆီသို့ ဦးတည်မောင်းနှင်ရင်း ခဏအကြာ၌ လမ်းဆုံတစ်ခုတွင်ရပ်ကာ မီးနီစောင့်လိုက်သည်။

ဟယ့်ရန်က လက်တစ်ဖက်ကို အားအောင်လုပ်လိုက်ကာ ရှန်ရှိုးကျူထံသို့ လက်ဖြန့်လိုက်သည်။

ရှန်ရှိုးကျူက အလိုက်သင့်ပင် သူ့မျက်မှန်ကိုချွတ်ပြီး အမျိုးသား၏ လက်ထဲသို့ ထည့်လိုက်ကာ ပြောသည်။

"ခဏနေကျရင် လောင်ကျိုးဆီသွားပြီး ကိတ်မုန့်ဝယ်ကြမယ်"

ဟယ့်ရန်က တစ်ရှူးတစ်ရွက်ထုတ်ကာ မျက်မှန်သုတ်ရင်း အသံပြုဖြေလိုက်သည်။

အစားထိုးခံရှို​ေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)Where stories live. Discover now