((Zawgyi))
အပိုင်း (၁၂၈)
ကြေးမုံမှန်ကွဲ (၁၆) -
အထိန်းအချုပ်မဲ့လုနီးပါး👾👾👾
"ကောင်းပြီ"
်ဟယ့်ရန်က လူငယ်လေး လက်တစ်ဖက်ကို လှမ်းကိုင်ရင်း:
"ဒါဆိုလည်း အမှတ်တစ်ထောင်ပေါ့"
ရွှီချန်ရန့် ကုတင်ပေါ်မှာ တိတ်ဆိတ်စွာ ထိုင်နေသည်။
ဟယ့်ရန်က သူ့ဘေးမှာနေပြီး လူငယ်လေးမျက်လုံးတွေ နည်းနည်းဖောင်းနေတာမြင်တော့ နေရာမှထကာ မျက်နှာသုတ်ပုဝါနဲ့ ရေခဲရှာကာ မျက်လုံးကို ရေခဲကပ်ပေးသည်။
ရွှီချန်ရန့်က အိပ်ရာပေါ်လှဲကာ လိမ်လိမ်မာမာ မျက်လုံးမှိတ်ပေးထားသည်။
ဟယ့်ရန်က မျက်နှာသုတ်ပုဝါကိုင်ကာ ရေခဲကပ်ပေးရင်း မေးလိုက်သည်။
"အပြင်ထွက်ပြီး လမ်းလျှောက်ချင်လား?"
ရွှီချန်ရန့် သဘောတူလိုက်သည်။
ရေခဲကပ်ပြီးသွားတော့ ရွှီချန်ရန့် မျက်လုံးပြန်ဖွင့်လိုက်သည်။ သူက နေရာမှထကာ ရေချိုးခန်းထဲသွားကာ မှန်ကြည့်လိုက်သည်။ သူ့မျက်လုံးက နည်းနည်းအယောင်ကျသွားသည်။
ရွှီချန်ရန့် အင်္ကျီလဲလိုက်ပြီး ဦးထုပ်ဆောင်း mask တပ်ကာ ဟယ့်ရန်နဲ့အတူ အပြင်ထွက်လာသည်။
အပြင်မှာ ရာသီဥတု အလွန်သာယာပြီး ဆေးရုံအပြင်ဘက် ပန်းခြံလေးထဲမှာ အပြင်ထွက် လမ်းလျှောက်သည့် လူနာတွေပြည့်နေသည်။
သူတို့နှစ်ယောက် ပန်းခြံလမ်းလေးအတိုင်း အေးအေးဆေးဆေး လျှောက်လာပြီး မသိလိုက်မသိဘာသာ ပန်းခြံထဲကနေ ဆေးရုံအပြင်ဘက် ရောက်လာသည်။
ဆေးရုံနားမှာ သစ်သီးဆိုင်လေးတစ်ဆိုင်ရှိပြီး ရွှီချန်ရန့်က သစ်သီး နည်းနည်းဝယ်ရအောင် ဆိုင်ထဲဝင်လိုက်သည်။
ဟယ့်ရန်က ဘေးကနေ အဖော်လိုက်လာသည်။ သူက ရွှီချန်ရန့် သစ်သီးရွေးပြီးသွားတော့ လူငယ်လေးလက်ထဲက သစ်သီးထုပ်ကို လှမ်းယူကာ ဆိုင်ရှင်ရှာပြီး ပိုက်ဆံရှင်းလိုက်သည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...