((Zawgyi))
အပိုင်း (၂၁)
ဖက်ထုပ်ပြုတ်များ👾👾👾
ရွှီချန်ရန့်သည် သူ့ကိုယ်သူ စာကြည့်ခန်းထဲမှာ အချိန်ဘယ်လောက်ကြာအောင် ထိုင်နေမိမှန်း မမှတ်မိတော့ပေ။ သူက မနက်ခင်း အရုဏ်တက်ချိန်ရောက်မှ စာကြည့်ခန်းထဲကနေ စိတ်ရှုပ်ထွေးစွာ ပြန်ထွက်လာသည်။
သူ့မျက်လုံးများက အနည်းငယ် ဖောင်းအစ်နေသဖြင့် ရွှီချန်ရန့်က ရေအေးနှင့် မျက်နှာသစ်လိုက်သည်။ သူ မှန်ထဲကို ခေါင်းမော့ကြည့်မိတော့ မှန်ထဲကသူ့ပုံက အလွန်ရှက်စရာကောင်းနေတာ တွေ့ရသည်။ သူ၏မျက်လုံးများက လန့်လောက်စရာ မို့ဖောင်းလျက်သား ငိုထားသည့် အကြွင်းအကျန်လေးများကို မြင်နိုင်သည်။
သူ့ခန္ဓာကိုယ်ကလည်း အလွန်အားနည်းပင်ပန်းနေသည်။ ရွှီချန်ရန့်သည် အိပ်ခန်းထဲသို့ပြန်ဝင်လာသည်။ သူက ကုတင်ပေါ်မှာလှဲရင်း မျက်လုံးများကို မှိတ်လိုက်သည်။ သို့သော် သူဘယ်လိုမှ အိပ်မပျော်ပေ။
သူမျက်လုံးများကို ပိတ်လိုက်သည်နှင့် လူကြီးမင်းနှင့် သခင်လေးတို့၏ ထိုဓာတ်ပုံများက သူ့ခေါင်းထဲမှာ အလိုလို ထွက်ပေါ်လာသည်။
နောက်ဆုံးမှာ ရွှီချန်ရန့်က ခက်ခက်ခဲခဲ အိပ်ပျော်သွားသော်လည်း ခဏခဏ ပြန်နိုးကာ ဘယ်လိုမှ ကောင်းကောင်း အိပ်မပျော်နိုင်ဖြစ်နေသည်။
ထို့အပြင် လူကြီးမင်းသည်လည်း တစ်ချိန်လုံး ပြန်မလာခဲ့ပေ။ ကြည့်ရတာ ဆေးရုံမှာပဲနေပြီး သခင်လေးကို အဖော်ပြုပေးနေတာဖြစ်လောက်သည်။
ရွှီချန်ရန့်သည် ကုတင်ပေါ်မှာလှဲရင်းတစ်ယောက်တည်း အကြာကြီး စဉ်းစားနေသည်။
နောက်ဆုံးတော့ သူက လက်ကိုင်ဖုန်းကို ကောက်ကိုင်ပြီး လူကြီးမင်းဆီ ဖုန်းခေါ်လိုက်သည်။
ဖုန်းဝင်သွားသည်နှင့် ရွှီချန်ရန့်က အော်ခေါ်လိုက်သည်။
"လူကြီးမင်း"
"အင်း"
ဖုန်း၏အခြားတစ်ဖက်ရှိ အသံက အနည်းငယ် အေးစက်နေသည်။
YOU ARE READING
အစားထိုးခံရှိုေလးအဖြစ်မှ သေချင်ယောင်ဆောင်ပြီးနောက် (မြန်မာဘာသာပြန်)
Romanceအစကတော့ Description လေးတွေပဲ စုပေးမလို့ပါ။ ဒါပေမယ့် ဒါလေးကို သဘောကျကြတယ်ဆိုလို့ ဆက်ပြီး ပြန်ပေးလိုက်ပါတယ်။ [အစားထိုးခံ၊ ထားရာနေစေရာသွားဘဝကနေ စွန့်ခွာခဲ့ပြီးမှ ကိုယ်ချစ်ရတဲ့သူဆီက ဂရုစိုက်မှုကိုပြန်ရတဲ့အခါ အရင်လို ပြန်ဖြစ်နိုင်ဦးမလားဆိုတာကို တူတူ ဖတ်...